Top News

မော်လမြိုင်တက္ကသိုလ်အတွင်း တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၁၅၀ ခန့် ဝင်ရောက်တပ်စွဲ
24htopnews | December 7, 2024 5:12 AM CST

မော်လမြိုင်တက္ကသိုလ်အတွင်း မတ် ၆ ရက် ညပိုင်းက တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၁၅၀ ခန့် ဝင်ရောက်တပ်စွဲနေကြောင်း မော်လမြိုင်တက္ကသိုလ်အနီး နေထိုင်သူများ၏ ပြောကြားချက်များအရ သိရသည်။

“ မနေ့ (မတ် ၆ ရက်) ညနေပိုင်းက တစ်ခေါက်လာကြတယ်။ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီးတော့ ပြန်ဆုတ်သွားတယ်။ ဒါပေမဲ့ ညပိုင်းကျတော့ ရဲတွေရော တပ်ကပါ အင်အား ၁၅၀ ခန့်နဲ့ ထပ်ဝင်လာတာ တွေ့ရပါတယ်” ဟု မော်လမြိုင်တက္ကသိုလ် အနီးနေထိုင်သူတစ်ဦးက ပြောကြားသည်။

၎င်းတို့မှာ တက္ကသိုလ်ပင်မဆောင်နှင့် အခြားအဆောင်တစ်ခုတွင် တပ်စွဲနေကြမည့် သဘောတွေ့ရကြောင်းနှင့် Main Gate ၊ ပင်မဆောင်နှင့် ဆယ်မြို့နယ်ဆောင်များ၏ သော့များကိုလည်း သိမ်းသွားကြောင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ Facebook Page ‌တွင် ဖော်ပြချက်အရ သိရသည်။

“ ကျောင်းဝင်းထဲမှာ ဒီမိုကရေစီကိုလိုလားတဲ့ ကျောင်းသားပြည်သူတွေရဲ့ မေတ္တာကို ခံယူပြီး CDM လုပ်နေတဲ့ ဆရာ ဆရာမတွေကတော့ မရှိကြတော့ဘူးပေါ့နော်။ တခြား လုံခြုံတဲ့နေရာတွေမှာ ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ သိရပါတယ်” ဟု မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ဆိုသည်။

မော်လမြိုင်မြို့တွင် ဖေဖော်ဝါရီ ၆ ရက်မှ စတင်ကာ နေ့စဉ် ကျောင်းသားပြည်သူများက ဆန္ဒထုတ်ဖော်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖြိုခွဲမှုများကြောင့် မော်လမြိုင် တက္ကသိုလ် ဘူမိဗေဒဌာန တတိယနှစ်ကျောင်းသားတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ပြီး ကျောင်းသားပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူစာရင်းမူ အတိအကျ မသိရသေးပေ။


READ NEXT
Cancel OK