မော်လမြိုင်မြို့ သီရိမြိုင်ရပ်ရွှေလမ်း (၁) လမ်းထိပ်တွင် သေနတ်ပစ်ခတ်ခံရ၍ သေဆုံးခဲ့သူ မောင်ထက်ဝေထူးကို မတ် ၅ ရက်က ကျောက်တန်းသချႋုင်းတွင် အုတ်ဂူသွင်းခဲ့ရာ မတ် ၇ ရက်တွင် အုတ်ဂူကို တူးဖော်သွားကြောင်း ကောလာဟလထွက်ပေါ်ခဲ့၍ မောင်ထက်ဝေထူး၏ ဖခင်ဦးသိန်းစိုးကို ဆက်သွယ်မေးမြန်းရာ သတင်းမှားဖြစ်ကြောင်းနှင့် အုတ်ဂူမှာ ခြေရာလက်ရာမပျက်ရှိပြီး အုတ်ဂူကို အပြင်မှ ပတ်ကာရန် အလုပ်သမားများက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။
မောင်ထက်ဝေထူး၏ ဖခင်ဖြစ်သူ ဦးသိန်းစိုးက “မဖြစ်နိုင်ဘူး။ မနေ့နံနက်ကပဲ ကျွန်တော်သွားကြည့်သေးတယ်။ ဒီမနက်လည်း သွားကြည့်တယ်။ အခု အဲဒီမှာအလုပ်သမား ရှိနေတယ်။ အခုအုတ်ဂူကို ပတ်ကာဖို့လုပ်နေတာ။ အပြင်ကနေ တံခါးနဲ့ပြန်ပတ်ကာဖို့ လုပ်နေတာ။ သတင်းမှန်တင်ပေးဖို့ လိုနေတာ၊ မဟုတ်တာကို သတင်းတွေ ဖွလိုက်ရင် ပြဿနာ တက်မှာ။ ကာယကံရှင်ကို တိုက်ရိုက်မေးမြန်းတာကို ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။
မတ် ၃ ရက် ညနေ ၅ နာရီခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များက မော်လမြိုင်မြို့ သီရိမြိုင် မီးပွိုင့်လမ်းဆုံတွင် နေရာယူထားပြီး စျေးကြိုမီးပွိုင့်ဘက်သို့ တက်လာစဉ် သီရိမြိုင်ရပ်ကွက် ရွှေလမ်းထဲရှိ ပြည်သူများအား သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ မီးခိုးဗုံးများဖြင့် ပစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ သေနတ်သံတိတ်သွားသည့် အချိန်တွင် ရွှေလမ်း (၁) လမ်းထိပ်၌ ဦးခေါင်းတွင် ကျည်ထိသူတစ်ဦးကို သွားကောက်ရကြောင်း၊ ထိုသို့ ကျည်ထိမှန်သေဆုံးသူမှာ မောင်ထက်ဝေထူး (ဘူမိဗေဒတတိယနှစ်) ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
