ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည့် ငွေသားထုတ်ယူမှု ကန့်သတ်ချက်
ATM/POS မှ ငွေသားထုတ်ယူမှုကို တစ်ရက်လျှင်အများဆုံး ကျပ်ငါးသိန်း၊ ဘဏ်ငွေစာရင်းမှ ငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများဆုံးကျပ်သိန်း၂၀၊ ကုမ္ပဏီ/အဖွဲ့အစည်းများအတွက် တစ်ပတ်လျှင် အများဆုံးကျပ်သိန်း ၂၀၀ သတ်မှတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေသားစီမံခန့်ခွဲမှု ချောမွေ့အဆင်ပြေစေရေး လိုက်နာဆောင်ရွက်ရန် ကိစ္စအဖြစ် ၂၀၂၁ ခုနှစ် မတ် ၁ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ဗဟိုဘဏ်သည်နိုင်ငံတော်အစိုးရ၏ ဒစ်ဂျစ်တယ်စီးပွားရေး အဆောက်အအုံသို့ အသွင်ကူးပြောင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များအား အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်စေရန်၊ ငွေပေးချေမှုစနစ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အစဉ်တစိုက်ကြိုးပမ်းလျက်ရှိရာ အီလက်ထရွန်နစ်ငွေပေးချေမှု နည်းလမ်းများနှင့် ဝန်ဆောင်မှုများကို ဘဏ်များနှင့်ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများကို ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။
အစိုးရအဖွဲ့အစည်းများနှင့် အများပြည်သူတို့မှ ငွေသားသုံးစွဲမှုကို လျှော့ချပြီး အစိုးရဌာနများ၊ လူပုဂ္ဂိုလ်နှင့်စီးပွားရေးလုပ်ငန်းများအကြား ငွေပေးချေမှုပြုရာတွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်။
ဘဏ်များနှင့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ငွေသားစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန်အတွက် ဘဏ်များအနေဖြင့် အောက်ဖော်ပြပါ သတ်မှတ်ချက်များကို ၂၀၂၁ ခုနှစ် မတ် ၁ ရက်မှစ၍ ယာယီလိုက်နာ ဆောင်ရွက်သွားရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
အဆိုပါအချက်များမှာ (က) အီလက်ထရွန်နစ်နည်းလမ်းဖြင့် ငွေပေးချေခြင်း/စာရင်းပြောင်း နည်းဖြင့်ပေးချေခြင်းတို့ကို ဦးစားပေး ဆောင်ရွက်သွားရန်ဖြစ်သည်။ (ခ) ငွေသားထုတ်ယူခြင်းအတွက်ငွေ စာရင်းအမျိုးအစားအလိုက် ကန့်သတ်ချက်များကိုအောက်ပါအတိုင်း ဆောင်ရွက်ရန်ဖြစ်သည်။ (၁) ATM/POS (Card Less Withdraw အပါအဝင်) မှ ငွေသားထုတ်ယူမှုကို တစ်ရက်လျှင် အများဆုံးကျပ်ငါးသိန်း၊ ဘဏ်ငွေ စာရင်းအသီးသီးမှ ငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၂၀ နှင့် ကုမ္ပဏီ/အဖွဲ့အစည်းများအတွက်တစ်ပတ်လျှင် အများဆုံးကျပ်သိန်း ၂၀၀ ဖြစ်သည်။
(ဂ) Time Deposit ငွေစာရင်း သက်တမ်းစေ့ရောက်ပါက ထပ်မံအပ်နှံခြင်း သို့မဟုတ် Saving AC/Call AC/Current AC နှစ်သက်ရာသို့ စာရင်းပြောင်းထည့်သွင်းပေးပြီးနောက် ငွေသားထုတ်ယူလိုပါက အပိုဒ် (ခ) ပါ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပေးရန် ဖြစ်သည်။
(ဃ)အစိုးရဌာနများနှင့် စီးပွားရေးလုပ်ငန်းကြီးများ၏ လကုန်ရက်တွင်လုပ်ခ/လစာပေးချေမှုများအတွက် လိုအပ်ချက်အပေါ် မူတည်၍ ဘဏ်များအနေဖြင့် မိမိ၏ငွေကြေးလက်ကျန်အခြေအနေအရ စိစစ်ထုတ်ပေးရန်နှင့် လိုအပ်ပါက ဗဟိုဘဏ်သို့ တင်ပြဆောင်ရွက်သွားရန်ဖြစ်သည်။
အစိုးရဌာနဆိုင်ရာများ၏ ငွေပေးချေမှုများကို ဗဟိုဘဏ်မှ အကောင်အထည် ဖော်ဆောင်ရွက်နေသော CBM-Net System ကို အသုံးပြု၍ ဘဏ်ရှိစာရင်းများမှ တစ်ဆင့် ငွေပေးချေသည့်နည်းလမ်းများ၊ ဗဟိုဘဏ်မှ ခွင့်ပြုချက်ရရှိထားသော ဘဏ်နှင့်ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ဆောင်ရွက်နေသော အီလက်ထရွန်နစ် ငွေပေးချေမှုနည်းလမ်းများ၊ မိုဘိုင်းငွေပေးချေမှုနည်းလမ်းများ၊ Cheque/PO များကို ဦးစားပေးဆောင်ရွက်ရန်နှင့် မိမိတို့ဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ငွေသားသုံးစွဲမှုလျှော့ချရေးကို အဓိကဦးစားပေးဆောင်ရွက်ရန် လိုအပ်သည်။
အဆိုပါငွေသားထုတ်ယူမှု ကန့်သတ်ချက်များအားပြင်ဆင် ပြောင်းလဲမှုများ ပြုလုပ်ရန်လိုအပ်သည့် အချိန်အခါတွင် ထပ်မံအကြောင်းကြားသွားမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ကြေညာထားသည်။
ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအတွင်း နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၆ ဒသမ ၈ သန်း ရောင်းချခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ဝယ်ယူမှုဒေါ်လာ ၃၀၇ ဒသမ ၅ သန်း၊ ရောင်းချမှုဒေါ်လာ ၅ ဒသမ ၇ သန်းရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စာရင်းများအရ သိရသည်။
ဗဟိုဘဏ်သည် နိုင်ငံခြားငွေစျေးပြိုင် လေလံမှတစ်ဆင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် ဒေါ်လာ ၆ ဒသမ ၈ သန်းရောင်းချခဲ့ခြင်း ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ လအလိုက်ရောင်းဝယ်မှု ပမာဏများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၃၅ ဒသမ ၆ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၄၃ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာတစ်သိန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၇ ဒသမ ၈ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ် လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဒေါ်လာသုံးသန်း ပြန်လည်ရောင်းချခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ဒေါ်လာ ၁ ဒသမ ၈ သန်းဝယ်ယူခဲ့ပြီး ဖေဖော် ၀ါရီတွင် ဒေါ်လာ ၆ ဒသမ ၈ သန်း ရောင်းချခဲ့သည်။
ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင် လေလံဖွင့်လှစ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
စတော့စျေးကွက်အတွင်းတွင်မူ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများကို နိုင်ငံခြားသားများဝယ်ယူခွင့်ပြုပြီး ၁၁ လကျော်အတွင်း ကုမ္ပဏီလေးခု၏ အစုရှယ်ယာအရေအတွက် ၄၅၀၂၇၀၀ ကျော်အား နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထားကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်မှ စတင်၍ နိုင်ငံခြားသားများ၊ နိုင်ငံခြားအဖွဲ့အစည်းများကို ရန်ကုန်စတော့အိတ်ချိန်း စာရင်းကုမ္ပဏီများ၏ အစုရှယ်ယာများ ဝယ်ယူခွင့်ပြုခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လ ၄ ရက် စာရင်းများအရ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီခြောက်ခုအနက် ကုမ္ပဏီလေးခု၏ အစုရှယ်ယာ ၄၅၀၂၇၆၀ ခုကို ဝယ်ယူထားသည်။ ကုမ္ပဏီအလိုက်ဝယ်ယူထားသော အစုရှယ်ယာပမာဏများမှာ ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက် (FMI) တွင် ၄၄၅၈၁၃၆ ခု၊ မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးလ်ဒင်းပတ်ပလစ်လီမိတက် (MTSH) တွင် ၃၂၀၅၄ ခု၊ Ever Flow River Group Public Co.,Ltd တွင် ၇၁၂၅ ခု၊ TMH Telecom Public Co.,Ltd တွင် ၅၄၄၅ ခု ဖြစ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ကြောင့် Woodside က လုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်
မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်စဉ်ကြောင့် သြစတြေးလျရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ Woodside က လုပ်ငန်းအားလုံး ရပ်ဆိုင်းထားကြောင်း သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၁ရက်ကစပြီး ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ဖြစ်ရပ်များမှ စတင်၍ မြန်မာပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို Woodside က စောင့်ကြည့်လေ့လာခဲ့ပြီး Woodside အနေဖြင့် မြန်မာပြည်သူများကိုထောက်ခံပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီး ငြိမ်းချမ်းစွာလျှောက်လှမ်းနိုင်သည်ကို မြင်တွေ့ရန်မျှော်လင့်သည်ဟု Woodside က ဖေဖော်ဝါရီ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။
“မြန်မာနိုင်ငံရဲ့ အလားအလာနဲ့ နိုင်ငံရေးတည်ငြိမ်မှု တိုးတက်လာတာကို မတွေ့ရသေးခင်မှာ Woodside ရဲ့ စီးပွားရေး ဆုံးဖြတ်ချက်အားလုံးကို ပြန်သုံးသပ်မှာပါ” ဟု Woodside က ပြောကြားသည်။
Woodside သည် မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာ့ကမ်းလွန်တွင် တွင်း ၁၀ တွင်းခန့်တူးဖော်ကာ ဓာတ်ငွေ့သိုက်အသစ်များ ရှာဖွေပေးခဲ့သည့် အောင်မြင်သည့်ကုမ္ပဏီတစ်ခု ဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိကမ်းလွန်စီမံကိန်းလေးခုမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၇၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး ပြည်ပသို့ကုဗပေသန်း ၁၃၀၀ ခန့်၊ ပြည်တွင်းသို့ ကုဗပေသန်း ၄၀၀ ခန့် ပို့လွှတ်နေကာ မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေနေ့စဉ်သန်းဆယ်ဂဏန်း ရှာဖွေပေးနေခြင်း ဖြစ်သည်။
သြစတြေးလျနိုင်ငံအခြေစိုက် Woodside သည် ကမ္ဘာ့အကြီးဆုံး ရေနံလုပ်ငန်းတစ်ခုဖြစ်ပြီး ရေနက်ပိုင်းရှာဖွေရေးတွင် နည်းပညာမြင့်မားသောကုမ္ပဏီဖြစ်သည်။ မြန်မာ့ကမ်းလွန်ရေနက်ပိုင်း လုပ်ကွက်များ ဖြစ်သော AD-7 (Posco Daewoo)၊ AD-1၊ AD-8 (CNPC)နှင့် A-6 (MPRL E&P)၏ ရေနက်ပိုင်း ရှာဖွေရေးများတွင် ပူးပေါင်းပါဝင်၍ တူးဖော်ရေးတာဝန်ယူခဲ့ပြီး သဘာဝဓာတ်ငွေ့သိုက်အသစ်များ တွေ့ရှိခဲ့သည်။မြန်မာ့ကမ်းလွန် ရေနက်ပိုင်းတွင် ရှာဖွေရေးတွင်းများစွာတူးခဲ့ပြီး ၎င်း၏ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာသန်းရာဂဏန်းများစွာ ရှိခဲ့သည်။
မြန်မာနိုင်ငံ၏ ကမ်းလွန်ရေတိမ်ပိုင်းတွင် သဘာဝဓာတ်ငွေ့သိုက် ကြီးကြီးမားမားတွေ့ရှိရန် အလားအလာအလွန် နည်းပါးနေခြင်းကြောင့် ကမ်းလွန်ရေနက်ပိုင်းကိုသာ အားကိုးရဖွယ်ရှိနေသည်။ လက်ရှိစီမံကိန်းလေးခု၏ ထုတ်လုပ်မှုမှာ ၂၀၁၄ ခုနှစ်တွင် စတင်ကျဆင်းခဲ့ရာ လာမည့်နှစ်များတွင် သိသိသာသာ ကျဆင်းလာမည်ဖြစ်ပြီး နိုင်ငံ၏ အဓိကဝင်ငွေကျဆင်းလာသကဲ့သို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလည်း လျော့နည်းလာစေမည်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ထားသည်။
ယခင်အစိုးရအဆက်ဆက် ခွင့်ပြုခဲ့သည့်လုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရန် အာမခံကြောင်းနှင့် ခွင့်ပြုပြီး စီးပွားရေးလုပ်ငန်းများ၏ အခက်အခဲများအတွက် ကူညီဆောင်ရွက်ပေးရန် ဦးစားပေးအစီအစဉ်များ ချမှတ်လုပ်ဆောင်မည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
လတ်တလော မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက အခြေအနေ စောင့်ကြည့်နေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
