လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၃ ဘီလျံကျော်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လေးလအတွင်း ဒေါ်လာ သန်း ၁၆၀ ကျော် ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု Generation Mix သည် ရေအားမှ ရာခိုင်နှုန်း ၄၀၊ သဘာဝဓာတ်ငွေ့မှ ၃၄ ရာခိုင်နှုန်း၊ Solar မှ ၁၄ ရာခိုင်နှုန်းဖြစ်ပြီး မဂ္ဂါဝပ် ၈၁၀၀ ကျော်အထိ တိုးတက်လာမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်မတိုင်မီကာလအထိ ၃၄ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ခဲ့သော်လည်း အစိုးရသစ်လက်ထက်တွင် ဦးစားပေးကြိုးပမ်း ဆောင်ရွက်မှုများကြောင့် လက်ရှိ ၂၀၂၀ ပြည့်နှစ်တွင် ၅၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း၊ ဆက်လက်၍ ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်အရင်းအမြစ်များမှာ အဓိကအားဖြင့် ရေအားနှင့် နေရောင်ခြည်စွမ်းအင်ကဲ့သို့ ပြန်ပြည့်မြဲစွမ်းအင်နှင့် သဘာဝဓာတ်ငွေ့နှင့် LNG ကဲ့သို့ သန့်ရှင်းသော စွမ်းအင်များကို အခြေခံထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်အတွက် ၅၁ မဂ္ဂါဝပ်ရှိ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၊ မဂ္ဂါဝပ်၂၈၀ ထုတ်လုပ်မည့် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း၊ ၁၅၂ မဂ္ဂါဝပ် ထုတ်လုပ်မည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းနှင့် ၁၁၁ မဂ္ဂါဝပ်ထုတ်လုပ်မည့် သူဋ္ဌေးရေအား လျှပ်စစ်စီမံကိန်းစသည့် စီမံကိန်းလေးခု ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယခင်၂၀၁၆ ခုနှစ်တွင် အရင်းအမြစ်ပေါင်းစုံမှ နေ့စဉ် ၄၈၀၀၀ မဂ္ဂါဝပ်နာရီ ထုတ်ပေးရာတွင် ယခုအခါ နေ့စဉ် ၆၅၀၀၀ မဂ္ဂါ ဝပ်နာရီခန့် ဓာတ်အားစနစ်သို့ တိုးတက်ထုတ်လုပ် ပေးလျက်ရှိကြောင်း၊ ထိုသို့ထုတ်လုပ် ပေးလျက်ရှိရာတွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၂၈ ရုံမှ စက်တပ်ဆင်အင်အား ၃၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
