Top News

အီဆက်ခ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့သော်လည်း ကစားသမားတစ်ဦးကို ငွေကြေးဖြင့် တန်ဖိုးဖြတ်၍မရနိုင်ဟု အက်ဒီဟောင်း ဆို
24htopnews | December 7, 2024 5:12 AM CST

နယူးကာဆယ်အသင်းသည် ဆိုစီဒက်အသင်းမှ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ ကြေး ပေါင်သန်း(၆၀)ဖြင့်ခေါ်ယူခဲ့သော်လည်း နည်းပြ အက်ဒီဟောင်းကမူ ကစားသမားတစ်ဦးကို ငွေကြေးဖြင့် တန်ဖိုးဖြတ်၍မရနိုင်ဟု ပြောကြားခဲ့သည်။

အီဆက်ခ်(၂၂ နှစ်)သည် ၂၀၁၉ ခုနှစ်က ဒေါ့မွန်အသင်းမှ ဆိုစီဒက်အသင်းသို့ ပေါင်(၈)သန်းဝန်းကျင်ဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး တစ်ပတ်လစာ ပေါင်(၂၀၀၀၀)ဝန်းကျင်သာရရှိနေသူ ဖြစ်သည်။

သို့သော် ယခုနောက်ပိုင်းကာလများတွင် ပရီးမီးယားလိဂ်ထိပ်သီးများ စိတ်ဝင်စားသည့် ကစားသမားတစ်ဦးဖြစ်လာခဲ့သည့်အတွက် နယူးကာဆယ်အသင်းက စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ရခြင်းဖြစ်ပြီး တစ်ပတ်ပေါင်(၁၀၀၀၀၀)ဝန်းကျင်ဖြင့် (၆)နှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ယင်းအခြေအနေအတွက် အက်ဒီဟောင်းက ''ကစားသမားတစ်ယောက်ကို ခေါ်ယူရာမှာ ငွေဘယ်လောက် သုံးစွဲခဲ့ရလဲဆိုတာက အဲဒီကစားသမားကို တန်ဖိုးဖြတ်ရမယ့်အရာ မဟုတ်ပါဘူး။ ဒီထက်နှစ်ဆသုံးလည်း အဲဒီကစားသမား အောင်မြင်မှုရမယ်လို့ အာမခံချက်မရှိပါဘူး။ သူက အသင်းအတွက် ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်တယ်လို့တော့ ထင်ပါတယ်''ဟု ဆိုခဲ့သည်။


READ NEXT
Cancel OK