တူရကီစူပါလိဂ်ကလပ် ဒယ်မီယာစပေါ်အသင်းနည်းပြ မွန်တဲလားနှင့် အသင်းတိုက်စစ်မှူး ဘာလိုတယ်လီသည် Umraniye အသင်းအား (၁-၀)ဂိုး ဖြင့် အနိုင်ရသည့်ပွဲအပြီးတွင် ကွင်းအတွင်း အချင်းများခဲ့ကြောင်း သိရသည်။
ယင်းပွဲအပြီးတွင် မွန်တဲလားနှင့် ဘာလိုတယ်လီတို့ နှစ်ဦးစလုံး ဒိုင်လူကြီးများကို နှုတ်ဆက်အပြီးတွင် ဘာလိုတယ်လီက နောက်မှ တစ်စုံတစ်ရာပြောဆိုခဲ့သဖြင့် မွန်တဲလားမှ ပြန်လှည့်လာကာ ၎င်းအား တွန်းထိုးခဲ့ခြင်းဖြစ်သည်။
အသင်းဖော်များနှင့် တာဝန်ရှိသူတို့က ကြားဝင်ကာ အချေအတင်ဖြစ်ပွားမှုကို ဖျန်ဖြေပေးခဲ့ရကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံပြကွက်များအရ သိရသည်။
ပွဲအပြီးတွင် မွန်တဲလားက ''ကျွန်တော် ဘာမှထပ်ပြောဖို့ မလိုအပ်ပါဘူး။ ပြောနိုင်တာကတော့ ကျွန်တော် မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာဘူးဆိုတာပါပဲ။ ပွဲအပြီးဖြစ်ရပ်ကတော့ Tension တစ်ခုပါပဲ''ဟု ပြောကြားခဲ့သည်။
ဘာလိုတယ်လီသည် မန်စီးတီးအသင်းတွင်ရှိစဉ် နည်းပြ မန်စီနီနှင့် လေ့ကျင့်ရေးကွင်းတွင် အချင်းများသည့်ဖြစ်ရပ်လည်း ရှိခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
