မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် ကစားသမားသစ် ထပ်မံခေါ်ယူရန် အစီအစဉ်မရှိ တော့ဘဲ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ ရောက်မှသာ ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် မူတည်၍ ပေါင်သန်း(၁၀၀)အသုံးပြုသွားရန် စီစဉ်ထားကြောင်း သိရသည်။
ဂွါဒီယိုလာသည် ယခုနွေရာသီတွင် တိုက်စစ်မှူး ဟော်လန်းအပါအဝင် ကစားသမားသစ်(၄)ဦး ခေါ်ယူခြင်းအတွက် ပေါင် (၁၀၄.၂)သန်း သုံးစွဲထားသည်။
အဆိုပါငွေကြေးပမာဏမှာ မန်စီးတီးအသင်း၏ ငွေကြေးသုံးစွဲမှုအနည်းပါးဆုံး နွေရာသီစာရင်းတွင် ပါဝင်ခဲ့ကြောင်းလည်း သိရသည်။
သို့သော် မန်စီးတီးအသင်း၏ တာဝန်ရှိသူများက ယခုနွေရာသီတွင် နောက်ကျရောက်ရှိလာမည့် ကစားသမားသစ်များ မရှိတော့ကြောင်း အတည်ပြုခဲ့ပြီး ဂွါဒီယိုလာ၏ ဆန္ဒအတိုင်း ဇန်နဝါရီတွင် အသုံးစရိတ်ပေါင် သန်း(၁၀၀)ထုတ်ပေးသွားရန် လက်ခံလိုက်ကြောင်း သိရသည်။
ဂွါဒီယိုလာသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပြင်ဆင်မှုများစွာပြုလုပ်လေ့မရှိသည့် နည်းပြတစ်ဦးဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီလက ဘီလ်ဘာအိုနောက်ခံလူ လာပေါ့တ်အတွက် ပေါင်(၅၇)သန်း သုံးစွဲခြင်းမှာ အများဆုံးဖြစ်ခဲ့သည်။
သို့ရာတွင် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး (၁၅)ရက်ဝန်းကျင်အတွင်း ဖွင့်လှစ်မည့်စျေးကွက်ဖြစ်သောကြောင့် ဂွါဒီယိုလာက ယင်းပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်ပြီး အကြိုက်တွေ့သည့်ကစားသမားရှိခဲ့ပါက ခေါ်ယူသွားရန် စီစဉ်ထားခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အမြတ်ထွက်ထားသလို၊ ပြီးခဲ့သည့် ဇန်နဝါရီစျေးကွက်၌ ဖယ်ရန်တောရက်စ်ကို ရောင်းထုတ်ခြင်းမှစ၍ တစ်နှစ်တာကာလအတွင်း ကစားသမားရောင်းချမှုမှ ပေါင်သန်း(၂၅၀)နီးပါးရရှိထားသည်။
ထို့ကြောင့် မန်စီးတီးအသင်းတာဝန်ရှိသူများက ဂွါဒီယိုလာတောင်းဆိုထားသည့်အတို်င်း လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ပေါင်သန်း(၁၀၀)သုံးစွဲခွင့်ပြုရန် အလွယ်တကူလက်ခံပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဂွါဒီယိုလာက ကမ္ဘာ့ဖလားတွင် ခြေစွမ်းပြမည့်ကစားသမားကို စောင့်ကြည့်သွားမည်ဟု ဆိုထားသော်လည်း လက်ရှိအချိန်၌ ၎င်းချိန်ရွယ်ပစ်မှတ်ထားနေသည့် ကစားသမားများကို အဓိက စောင့်ကြည့်သွားမည့်သဘောဖြစ်ကြောင်း နီးစပ်သူများက သုံးသပ်ထားသည်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာ(၂၀)မှ ဒီဇင်ဘာ(၁၈)အထိ ကျင်းပသွားမည်ဖြစ်ပြီး ၂၀၂၃ ဇန်နဝါရီ(၁)ရက်တွင် ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်ကို စတင်ဖွင့်လှစ်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
