ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘာစီလိုနာအသင်းနှင့် တစ်အုပ်စုတည်းကျရောက်ပြီးနောက် အသင်းတိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီး ဘာစီလိုနာကစားသမားအဖြစ် ပြန်လည်ရောက်ရှိလာချိန်တွင် အသင်းပရိသတ်များအနေဖြင့် လှောင်ပြောင်ခြင်းမရှိဘဲ နွေးထွေးစွာကြိုဆိုလိမ့်မည်ဟု ဘိုင်ယန်မြူးနစ်အသင်းနည်းပြ နာဂယ်စ်မန်းက ယုံကြည်နေကြောင်း သိရသည်။
လီဝန်ဒေါစကီးသည် ဘာစီလိုနာအသင်းသို့ ထွက်ခွာခွင့်ရရှိရန်အတွက် အလွန်အမင်းဖိအားပေးခဲ့သဖြင့် အသင်းတာဝန်ရှိသူများနှင့် ဆက်ဆံရေးအဖုအထစ်ရှိပြီးမှ ပြောင်းရွှေ့သွားခြင်းဖြစ်သည်။
''ကွင်းထဲမှာ လက်ခုပ်သြဘာသံတွေကြားရမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ တစ်စုံတစ်ယောက် လှောင်ပြောင်ခံရတာမျိုးကို ကျွန်တော် မနှစ်မြို့ပါဘူး။ ဖြစ်စဉ်အားလုံးကို ကျွန်တော် မသိပါဘူး။ ကွင်းထဲက ပရိသတ်တွေဆိုရင် ပိုလို့တောင်မှ ဝေးပါသေးတယ်။ ဒါဟာ အမြဲတမ်းဖြစ်နေတဲ့ ဒုတိယအမှန်တရားဖြစ်ပြီး နားလည်မှုလွဲတာတွေ၊ ပုံကြီးချဲ့တာတွေ ဖြစ်ခဲ့ပါတယ်''ဟု နာဂယ်စ်မန်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
