မန်စီးတီးကို ဂွါဒီယိုလာ မရောက်လာမီမှာ ဂျိုးဟတ်က အင်္ဂလန်ရဲ့ နံပါတ် (၁) ဂိုးသမား၊ မန် စီးတီးခေတ်အစရဲ့ ဖယ်ရှားမရနိုင်တဲ့ အစိတ် အပိုင်းပါပဲ။ ဒါပေမဲ့ ဂွါဒီယိုလာလက်ထက်မှာ ဂျိုးဟတ်ဟာ ဖယ်ရှားခံရတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုကို နှစ်ကြိမ်တိုင်ဆွတ်ခူးနိုင်ခဲ့သူဟာ ကိုယ့်ကိုယ်ကို ပြန်ရှာမတွေ့နိုင်ခဲ့ဘူး။ ဂိုးသမား တစ်ဦးရဲ့ရွှေအိုရောင်ကာလတွေလို့ တင်စားနိုင် တဲ့အသက် (၃၃) နှစ်အရွယ်မှာပဲ ဂျိုးဟတ်ဟာ Elite အလွှာကနေ ပြုတ်ကျခဲ့တာပါပဲ။ ဂျိုးဟတ်က ခဏတာပုံစံပျက် သုဉ်းခြင်းကနေ နာတာရှည် ယုံကြည်မှုပျောက်ဆုံးခြင်းဝေဒနာ ပူးကပ်သွား တာပါပဲ။ ''အခြေအနေတစ်ခုရဲ့ ပြင်းထန်စွာသက် ရောက်မှုက အပြောင်းအလဲကို ဖြစ်စေတာပါပဲ''လို့ စိတ်ပညာရှင် ဒန်အေဘရာဟမ်က သုံးသပ် တယ်။ သူက ပရီးမီးယားလိဂ် ကစားသမားတွေနဲ့ ရပ်ဘီကစားသမားတွေကို ကုထုံးတွေပေးနေတဲ့ အားကစားစိတ်ပညာရှင်ပါ။ ဂျိုးဟတ်ဖြစ်သွားတာ နဲ့ပတ်သက်ပြီး ဒန်အေဘရာဟမ်က ''အမှတ်တွေ ပေးရလို့လား၊ ဆုဖလားမျှော်လင့်ချက်ကြောင့် လား။ ထိပ်တန်းအဆင့်ဖြစ်နေလို့လား၊ နည်းပြက သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်လို့လား။ ပထမနေ ရာ ဆုံးရှုံးလို့လား။ အမှားတစ်ခု ဒါမှမဟုတ်လူသိ ရှင်ကြားပြိုလဲမှုရဲ့ သက်ရောက်မှုလှိုင်းတွေဟာ မူ ကွဲမျိုးစုံရှိနေပါတယ်။ ပြဿနာတစ်ခုအပေါ် ခံယူ ချက်ကြီးမားလေလေ၊ စိတ်တည်ငြိမ်အောင် ထား ရတာ ပိုခက်လေလေပါပဲ'' လို့ ရှင်းပြတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
