ဘာစီလိုနာအသင်းသည် အငှားချထားသော တိုက်စစ်မှူး ဂရီးဇ်မန်းအား အပြီးသတ်မခေါ်ယူရရန်အတွက် မိနစ်(၃၀)အောက်သာ အသုံးပြုနေသော အက်သလက်တီကိုအသင်းကို တရားစွဲဆိုရန်စီစဉ်နေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်း(၃၁ နှစ်)ကို ၂၀၂၁ နွေရာသီတွင် အသင်းဟောင်း အက်သလက်တီကိုထံ အငှားပြန်ချခဲ့သည်။
နှစ်သင်းသဘောတူညီမှုအရ တစ်နှစ်အငှားစာချုပ်ပြည့်ပါက နောက်တစ်နှစ် သက်တမ်းတိုးနိုင်သည့်အချက်အတိုင်း အက်သလက်တီကိုအသင်းက ယခုရာသီတွင် အငှားဖြင့် ထပ်မံခေါ်ယူခဲ့သည်။
သို့သော် နောက်ထပ်သဘောတူညီချက်တစ်ခုဖြစ်သည့် ပွဲအရေအတွက် (၅၀%)ကစားပြီးပါက ယူရိုသန်း (၄၀)ဖြင့် အပြီးသတ်ခေါ်ယူရမည်ဆိုသည့်အချက်ကို ရှောင်လွှဲနိုင်ရန်အတွက် အက်သလက်တီကိုအသင်းက ယခုရာသီတွင် လူစားဝင်ကစားသမားအဖြစ် မိနစ်(၃၀) အောက်သာ အသုံးပြုနေခြင်းဖြစ်သည်။
အက်သလက်တီကိုအသင်းသည် ဂရီးဇ်မန်းကို ပြီးခဲ့သည့်ရာသီက အသင်းယှဉ်ပြိုင်ကစားခဲ့သည့် ပွဲအရေအတွက်၏ (၈၁%)အထိ အသုံးပြုခဲ့သော်လည်း ယခုရာသီတွင်မူ ယှဉ်ပြိုင်ပြီးခဲ့သည့် ပြိုင်ပွဲစုံ(၆)ပွဲစလုံး၌ ပွဲကစားချိန် မိနစ်(၆၀)ကျော်မှသာ ထည့် သွင်းအသုံးပြုခဲ့သည်။
ယင်းသို့ပြုလုပ်ခြင်းမှာ ပွဲကစားချိန် အနည်းဆုံး(၄၅)မိနစ်ရှိမှသာ တစ်ပွဲဟု သတ်မှတ်နိုင်မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း သိရသည်။ ယင်းအတွက် အက်သလက်တီကိုအသင်းသည် ဂရီးဇ်မန်းကို မိနစ်(၃၀) အောက်သာ အသုံးပြုနေခြင်းဖြစ်သော်လည်း ပြီးခဲ့သည့်ရာသီက (၈၁%)ကစားခဲ့ပြီးဖြစ်သောကြောင့် စာချုပ်ပါအချက်နှင့် ကိုက်ညီပြီးဖြစ်သည်ဟု ဘာစီလိုနာအသင်းက ယူဆနေသည်။
ထို့ကြောင့် ယူရိုသန်း(၄၀)မပေးပါက တရားစွဲဆိုရန် စီစဉ်နေခြင်းဖြစ်သည်။
သို့သော် အက်သလက်တီကိုအသင်းကလည်း နှစ်ရာသီပေါင်း ပွဲအရေအတွက်(၅၀%)ရှိမှသာ အကျုံးဝင်မည်ဟု တုံ့ပြန်ထားပြီး ယင်းသို့မပြည့်မြောက်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် ဂရီးဇ်မန်းကို အက်သလက်တီကိုအသင်းထံ ယူရိုသန်း(၄၀)ဖြင့် ရောင်းချနိုင်ခြင်းမရှိပါက လာမည့်ရာသီတွင် အသင်းသို့ ပြန်လည်ခေါ်ယူရမည်ဖြစ်ပြီး ၎င်း၏စာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်၍ မြင့်မားသည့် လစာနှုန်းထားကို ပြန်လည်ပေးချေရမည်ဖြစ်သည်။
ထို့ပြင် ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေး၏လက်ကျန်တန်ဖိုးကိုလည်း ပေးချေရဦးမည်ဖြစ်သည်။
ထို့ ကြောင့် ဘာစီလိုနာအသင်းက ၎င်းအား အပြီးသတ်ရောင်းထုတ်နိုင်ရန် ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။
အက်သလက်တီကိုအသင်းဥက္ကဋ္ဌ စီရီဇိုကမူ ဘာစီလိုနာအသင်း တရားစွဲဆိုမည်ဆိုခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုကို မိမိ မသိရှိကြောင်း၊ သို့သော် ဘဝတွင် ဘာမဆိုဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
