ချယ်လ်ဆီးအသင်း၏နည်းပြသစ် ဂရေဟမ်ပေါ်တာသည် လစာအဖြစ် တစ်နှစ် ပေါင်(၁၂)သန်း ရရှိမည်ဖြစ်သောကြောင့် ပရီးမီးယားလိဂ်၏ စတုတ္ထလစာအများဆုံးနည်းပြ ဖြစ်လာခဲ့သည့်အပြင်၊ အသင်းဟောင်း ဘရိုက်တန်တွင် ရရှိသည့်လစာပမာဏထက် (၆)ဆ ပိုများကြောင်း သိရသည်။
ဂရေဟမ်ပေါ်တာ(၄၇ နှစ်)သည် စက်တင်ဘာ(၈)ရက်တွင် ချယ်လ်ဆီးအသင်း၏ နည်းပြသစ်အဖြစ် (၅)နှစ်စာချုပ်ဖြင့် စတင်ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။
ဂရေဟမ်ပေါ်တာသည် ဘရိုက်တန်အသင်းကို ကိုင်တွယ်စဉ်က တစ်နှစ်လျှင် ပေါင်(၂)သန်းသာ ရရှိခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ လစာအနည်းဆုံးနည်းပြများထဲမှ တစ်ဦးဖြစ်ခဲ့သည်။
ပရီးမီးယားလိဂ်တွင် လစာအများဆုံး ရရှိနေသည့်နည်းပြမှာ လက်ရှိချန်ပီယံ မန်စီးတီးနည်းပြ ဂွါဒီယိုလာဖြစ်ပြီး တစ်နှစ်ပေါင် (၁၉)သန်း ရရှိနေခြင်းဖြစ်သည်။
၎င်း၏နောက်တွင် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က တစ်နှစ်ပေါင် (၁၆)သန်း၊ စပါးနည်းပြ အန်တိုနီယိုကွန်တီက တစ်နှစ်ပေါင် (၁၅)သန်းဖြင့် အစဉ်လိုက် ရပ်တည်နေသည်။
ချယ်လ်ဆီးအသင်း၏ ယခင်နည်းပြဟောင်း သောမတ်စ်တူဟယ်လ်မှာ တစ်နှစ် ပေါင်(၇)သန်းသာ ရရှိခဲ့သည့်အတွက် မန်ယူနည်းပြ အဲရစ်တန်ဟက်ဂ်(ပေါင် ၉ သန်း)၊ အာဆင်နယ်နည်းပြ အာတီတာ(ပေါင် ၈.၃ သန်း)တို့၏နောက်တွင်သာရှိခဲ့သည်။
ယခု ဂရေဟမ်ပေါ်တာက အဆိုပါနည်းပြများကိုရော တစ်နှစ်ပေါင်(၁၀)သန်းရနေသည့် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကိုပင်ကျော်လွှားကာ တစ်နှစ်ပေါင်(၁၀)သန်း ရရှိလာခြင်းဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
ထို့ပြင် ချယ်လ်ဆီးအသင်းနှင့် (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းကြောင့် ပေါင်သန်း (၆၀)တန်စာချုပ်ဟု သတ်မှတ်ရမည်ဖြစ်ပြီး အနာဂတ်အတွက် အာမခံချက်ခိုင်မာသွားသည့် အခြေအနေဖြစ်သည်ဟုလည်း သုံးသပ်ခဲ့သည်။
ချယ်လ်ဆီးနည်းပြသစ် တော့ဒ်ဘိုလီသည် သောမတ်စ်တူဟယ်လ်ကို ရာထူးမှ အလျင်စလိုထုတ်ပယ်ခဲ့သော်လည်း ဂရေဟမ်ပေါ်တာကိုမူ မြင့်မားသည့် လစာနှုန်းထားနှင့် နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ခြင်းကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ခဲ့ရလျှင်ပင် ရာထူးမှ ထုတ်ပယ်လိမ့်မည်မဟုတ်ကြောင်းလည်း The Sun က သုံးသပ်ခဲ့သည်။
သို့သော် ဂရေဟမ်ပေါ်တာကို နည်းပြသစ်အဖြစ် နှစ်ရှည်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းမှာ ချယ်လ်ဆီးအသင်းအတွက် စွန့်စားမှုတစ်ခုဖြစ်သလို၊ အလားအလာရှိသည့် လူငယ်နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံလာရသည့် ဂရေဟမ်ပေါ်တာအတွက်လည်း စွန့် စားမှုတစ်ခုဖြစ်သည်ဟု သုံးသပ်သူအချို့ ရှိခဲ့သည်။
■ ပရီးမီးယားလိဂ်နည်းပြများ၏ လစာရရှိမှု
နည်းပြ အသင်း တစ်နှစ်လစာ(ပေါင်)
ဂွါဒီယိုလာ မန်စီးတီး ၁၉ သန်း
ယာဂန်ကလော့ပ် လီဗာပူးလ် ၁၆ သန်း
ကွန်တီ စပါး ၁၅ သန်း
ဂရေဟမ်ပေါ်တာ ချယ်လ်ဆီး ၁၂ သန်း
ဘရန်ဒန်ရော်ဂျာ လက်စတာ ၁၀ သန်း
တန်ဟက်ဂ် မန်ယူ ၉ သန်း
အာတီတာ အာဆင်နယ် ၈.၃ သန်း
ဟာဆန်ဟူတယ်လ် ဆောက်သမ်တန် ၆ သန်း
လမ်းပတ် အဲဗာတန် ၅ သန်း
ဒေးဗစ်မွိုက်စ် ဝက်စ်ဟမ်း ၅ သန်း
စတီဗင်ဂျရတ် ဗီလာ ၅ သန်း
မာကိုဆေးလ်ဗား ဖူလ်ဟမ် ၄.၅ သန်း
ဗီယာရာ ပဲလေ့စ် ၄ သန်း
အက်ဒီဟောင်း နယူးကာဆယ် ၄သန်း
ဂျက်ဆီမက်ရှ် လိဒ်စ် ၃.၅ သန်း
ဘရူနိုလာဂျီ ဝုလ်ဗ် ၂.၅ သန်း
သောမတ်စ်ဖရန့်ခ် ဘရန့်ဖို့ဒ် ၁.၅ သန်း
စတိဗ်ကူးပါး နော်တင်ဟမ် ၁.၅ သန်း
ယာယီနည်းပြ ဘုန်းမောက် -
ယာယီနည်းပြ ဘရိုက်တန် -
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
