ပြီးခဲ့သည့်အေစီမီလန်အသင်းနှင့်ပွဲတွင် တာဝန်ယူခဲ့သည့် ကွင်းလယ်ဒိုင် ဖက်ဘာရီကို ဆမ်ဒိုးရီးယားအသင်းနည်းပြ ဂျမ်ပေါ်လိုက ''ကျပ်မပြည့်သူ''ဟု ပြစ်တင်ပြော ဆိုခဲ့သည်။
အဆိုပါပွဲတွင် ဆမ်ဒိုးရီးယားအသင်းသည် အေစီမီလန်အသင်းကို အိမ်ကွင်း၌ (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ကွင်းလယ်ဒိုင် ဖက်ဘာရီ၏ ဆုံးဖြတ်ချက်အချို့နှင့်ပတ်သက်၍ ဂျမ်ပေါ်လို မကျေမနပ်ဖြစ်နေကြောင်း သိရသည်။
အေစီမီလန်အသင်းသည် ပွဲချိန် (၄၇)မိနစ်တွင် တိုက်စစ်ကစားသမား လီယာအို (၂)၀ါ၊ (၁)နီဖြင့် ထုတ်ပယ်ခံရပြီးနောက် (၁-၁)ဂိုးစီသရေဖြစ်သွားခဲ့ပြီး ပွဲချိန် (၆၇)မိနစ်၌ ရရှိခဲ့သောပယ်နယ်တီကို ဂျရူးက အနိုင်ဂိုးအဖြစ် သွင်းယူပေးခဲ့သဖြင့် (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဂျမ်ပေါ်လိုက အဆိုပါပယ်နယ်တီပေးခဲ့ခြင်းအပေါ် မကျေမနပ်ဖြစ်နေပြီး ကွင်းလယ်ဒုုိင် ဖက်ဘာရီသည် အေစီမီလန်အသင်းဘက်ကို မျက်နှာသာပေးခဲ့ပြီး ကျပ်မပြည့်သူဖြစ်ကြောင်း ပြစ်တင်ခဲ့သည်။
''ဒိုင်တွေအနေနဲ့ အတ္တမကြီးသင့်ပါဘူး။ ပွဲရလဒ်ဆိုတာ ပြိုင်ဘက်(၂)သင်းစလုံးအတွက် အရေးကြီးပါတယ်။ လီယာအို ထုတ်ပယ်ခံရတဲ့ဖြစ်ရပ်ဟာ မှန်ကန်ပေမဲ့ ကွင်းလယ်ဒိုင် ဖက်ဘာရီက အဲဒီဖြစ်ရပ်အတွက် အေစီမီလန်အသင်းကို ပြန်ပြီးအ လျော်ပေးချင်ခဲ့ပုံပဲ။ အဲဒီနောက်ပိုင်း သူ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ကျွန်တော်တို့အသင်းကို ဆန့်ကျင်နေပါတယ်။ သူက ဖိအားတွေကို ရင်မဆိုင်ရဲပါဘူး။ ကျွန်တော် ထုတ်ပယ်ခံရတာဟာ ထိုက်တန်ပါတယ်။ ကွင်းလယ်ဒိုင်ကို ကျပ်မပြည့်တဲ့ကောင်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒိုင်တွေအပေါ် ကျွန်တော် လေးစားမှုရှိသလို၊ ဘယ်တုန်းကမှ ပြဿနာမဖြစ်ဖူးပါဘူး။ အေစီမီလန်အသင်းက သူ မကူညီရင်လည်း ကျွန်တော်တို့ကို အနိုင်ရနိုင်ခြေရှိပါတယ်။ ဒါက အမှန်တရားပါပဲ။ ကွင်းလယ်ဒိုင်ရဲ့ အပြုအမူကိုတော့ ကျွန်တော် လုံးဝမနှစ်သက်ပါဘူး။ သူက ပွဲအခြေအနေကို လုံးဝ မထိန်းချုပ်နိုင်သလို၊ ဒီလိုပွဲမျိုး ကိုင်သင့်တဲ့အဆင့်မျိုး မဟုတ်ပါဘူး''ဟု ဂျမ်ပေါ်လိုက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
