ဘာစီလိုနာအသင်းအနေဖြင့် နွေရာသီကာလတွင် အသင်း၏ပိုင်ဆိုင်မှုများ ရောင်းချခဲ့သောကြောင့် ယခုရာသီအတွက် ခွင့်ပြုချက်ရရှိသည့် အသုံးစရိတ်ပမာဏ မြင့်တက်လာပြီး ယူရို ၆၅၆ ဒသမ ၅ သန်း သုံးစွဲခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
လာလီဂါပြိုင်ပွဲက ၂၀၂၂-၂၀၂၃ ရာသီအတွက် ကလပ်အသင်းများ၏ အသုံးစရိတ်ခွင့်ပြုမှုပမာဏကို သောကြာနေ့တွင် ထုတ်ပြန်ခဲ့ရာ ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းက ယူရို ၆၈၃ ဒသမ ၅ သန်းဖြင့် အများဆုံးသုံးစွဲခွင့်ရပြီး ဘာစီလိုနာအသင်းက ဒုတိယအများဆုံးအဖြစ် ယူရို ၆၅၆ ဒသမ ၅ သန်း သုံးစွဲခွင့်ရမည်ဖြစ်သည်။
ဘာစီလိုနာအသင်းအနေဖြင့် ၎င်းတို့၏ လာလီဂါပြိုင်ပွဲ ရုပ်သံထုတ်လွှင့်မှု မူပိုင်ခွင့် ၂၅ ရာခိုင်နှုန်းကို ၂၅ နှစ်စာချုပ်နှင့် အသင်းပိုင်မီဒီယာလုပ်ငန်းဖြစ်သည့် Barca Studios ၏ ရှယ်ယာ ၂၄ ဒသမ ၅ ရာခိုင်နှုန်းကို ရောင်းချခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ယူရိုသန်း ၇၀၀ ဝန်းကျင် ရရှိခဲ့သည်။
ထို့ကြောင့် ယခုနွေရာသီတွင်ခေါ်ယူထားသည့် ကစားသမားသစ်များကို အချိန်မီမှတ်ပုံတင်နိုင်ခဲ့သလို ခွင့်ပြုအသုံးစရိတ်ပမာဏမှာလည်း ယခင်ရာသီထက် ယူရိုသန်း ၈၀၀ နီးပါး မြင့်တက်လာခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ရာသီ စတင်စဉ်က ယူရို ၉၆ သန်း အသုံးပြုခွင့်ရသော်လည်း ဇန် နဝါရီအပြီးတွင် အဆိုးဆုံးအခြေအနေအဖြစ် ယူရို ၁၄၄ သန်းအထိ ဖြစ်သွားခဲ့ရသည်။
''ဘာစီလိုနာရဲ့ ခွင့်ပြုပမာဏက ယူရို ၆၅၆ သန်းကျော်ပါ။ သူတို့အနေနဲ့ ဒီပမာဏနဲ့ကိုက်ညီဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့်လည်း နောက်ဆုံးမိနစ်မှာ ကစားသမားတွေကို မှတ်ပုံတင်ခွင့်ရခဲ့တာပါ။ ပိုင်ဆိုင်မှုတွေ မရောင်းချဘူးဆိုရင် လာမယ့်ရာသီမှာ အခု လောက်အထိရရှိမှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ကစားသမားရောင်းချတာ၊ ပိုင်ဆိုင်မှုတွေ ပိုပြီးရောင်းချတာမလုပ်ရင် ထွက်ငွေကို ယူရိုသန်း ၂၀၀ လောက် လျှော့ချရမှာပါ''ဟု လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က ပြောကြားသည်။
ယခုရာသီအတွက် အသုံးစရိတ်ခွင့်ပြု ပမာဏအများဆုံးစာရင်းတွင် ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့ပြီးလျှင် အက်သလက်တီကိုအသင်းက ယူရို ၃၄၁ သန်းဖြင့် တတိယနေရာ ရပ်တည်နေပြီး ယင်းပမာဏမှာ ထိပ်ဆုံးနှစ်သင်းနှင့် ယူရိုသန်း ၃၀၀ ဝန်းကျင် ကွာဟနေသည်။
ဆီဗီလာအသင်းက ယူရို သန်း ၂၀၀ ဖြင့် စတုတ္ထ၊ ဗီလာရီးယဲလ်အသင်းက ယူရို ၁၅၁ သန်းဖြင့် ပဥ္စမအများဆုံး အသုံးပြုခွင့်ရရှိပြီး အယ်လ်ချီနှင့် တန်းတက် ဟီရိုနာအသင်းတို့မှာမူ အနည်းဆုံးအဖြစ် ယူရို ၄၂ သန်းစီသာ အသုံးပြုခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
