ပရီးမီးယားလိဂ်ပွဲစဉ်များ လာမည့်တစ်ပတ်အထိ ထပ်မံရွှေ့ဆိုင်းရဖွယ်ရှိသည့်အခြေအနေကို ကလပ်အသင်းများက စိုးရိမ်ပူပန်နေကြောင်း ဗြိတိန်အခြေစိုက် The Guardian သတင်းဌာနက သုံးသပ်ဖော်ပြသည်။
ဗြိတိန်ထီးနန်းအား နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့သည့် ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇလက် နတ်ပြည်စံသည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဗြိတိန်ကျွန်းစုနိုင်ငံများဖြစ်သော အင်္ဂလန်၊ ဝေးလ်စ်၊ မြောက်အိုင်ယာလန်နှင့် စကော့တလန်နိုင်ငံရှိ ဘောလုံးပြိုင်ပွဲအပါအဝင် အားကစားပြိုင်ပွဲအားလုံးနီးပါးကို ယခုတစ်ပတ်တွင် ကျင်းပခြင်းမရှိဘဲ ရွှေ့ဆိုင်းထားသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲအနေဖြင့် သောကြာနေ့က လန်ဒန်မြို့၌ အစည်းအဝေးပြုလုပ်ပြီးနောက် ယခုတစ်ပတ်ယှဉ်ပြိုင်ကစားမည့် ပွဲစဉ် (၇)ကို ရွှေ့ဆိုင်းရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
လာမည့်တစ်ပတ်တွင် ပွဲစဉ်များကို ပုံမှန်အတိုင်း ပြန်လည်စတင်နိုင်ရန် ရည်ရွယ်ထားသော်လည်း ဘုရင်မကြီး၏ စျာပနအခမ်းအနားအား စက်တင်ဘာ ၁၉ ရက်တွင် ပြုလုပ်မည်ဖြစ်သောကြောင့် ထပ်မံရွှေ့ဆိုင်းရမည့်အခြေအနေ ရင်ဆိုင်နေရခြင်းဖြစ်သည်။
ဗြိတိန်အစိုးရက အားကစားပြိုင်ပွဲများကျင်းပခြင်းအတွက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပြုထားသော်လည်း စျာပနအခမ်းအနားပြုလုပ်ပါက လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား (အထူးသဖြင့် လန်ဒန်မြို့တွင်) အများအပြား ချထားရမည်ဖြစ်သောကြောင့် ဘောလုံးပွဲစဉ်များအတွက် လုံခြုံရေးတာဝန်ယူမည့်အရေအတွက် လျော့နည်းသွားဖွယ်ရှိနေခြင်းဖြစ်သည်။
လာမည့်တစ်ပတ် ပွဲစဉ် (၈) အဖြစ် လန်ဒန်မြို့၌ စက်တင်ဘာ ၁၇ ရက် မြန်မာ စံတော်ချိန် ည ၁၁ နာရီတွင် စပါး-လက်စတာ၊ စက်တင်ဘာ ၁၈ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် ဘရန့်ဖို့ဒ်-အာဆင်နယ်၊ ည ၁၀ နာရီတွင် ချယ်လ်ဆီး-လီဗာပူးလ်ပွဲစဉ် များ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယခုရက်သတ္တပတ်ကုန်တွင် ကျင်းပမည့် ဘောလုံးပြိုင်ပွဲများ ရွှေ့ဆိုင်းခဲ့သော်လည်း ပရီးမီးယားလိဂ်ကလပ်များ၏ ဥရောပပွဲစဉ်များကိုမူ ပုံမှန်အတိုင်း ကျင်းပဖွယ်ရှိကြောင်း သိရသည်။
လာမည့်တစ်ပတ် အင်္ဂါနေ့တွင် ချန်ပီယံလိဂ် ပွဲစဉ် (၂) အဖြစ် စပို့တင်းလစ္စဘွန်းနှင့် စပါး၊ လီဗာပူးလ်နှင့် အေဂျက်စ်၊ ဗုဒ္ဓဟူးနေ့တွင် ချယ်လ်ဆီးနှင့် ဆာလ်ဇ်ဘာ့ဂ်၊ မန်စီးတီးနှင့် ဒေါ့မွန်၊ ကြာသပတေးနေ့တွင် ယူရိုပါလိဂ် ပွဲစဉ် (၂) အဖြစ် ရှာရစ်ဖ်နှင့် မန်ယူ၊ အာဆင်နယ်နှင့် PSV၊ ယူရိုပါကွန်ဖရင့်လိဂ် ပွဲစဉ် (၂) အဖြစ် ဆီလ်ကယ်ဘော့နှင့် ဝက်စ်ဟမ်းအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယင်းပွဲစဉ်များအနက် ရှာရစ်ဖ်နှင့် အဝေးကွင်းပွဲကို ယှဉ်ပြိုင်ကစားမည်ဟု မန်ယူအသင်းက အတည်ပြုထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
