Top News

အသင်း၏ကစားဟန်နှင့် အံဝင်မည်ဆိုပါက ဟော်လန်းယခုထက်ပိုကောင်းလာမည်ဟု ဒီဘရိုင်းနားဆို
24htopnews | December 7, 2024 6:13 AM CST

 

မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းနားက အသင်းတိုက်စစ်မှူး ဟော်လန်းအနေဖြင့် အသင်း၏ကစားဟန်နှင့် အံဝင်မည်ဆိုပါက ယခုထက်ပိုကောင်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဟော်လန်းသည် ယခုရာသီတွင် မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၇)ပွဲတွင် (၁၂)ဂိုးအထိသွင်းယူပြီး ဂိုးသွင်းစံချိန်များစွာကို ရိုက်ချိုးထားသည်။ 

သို့သော် ဒီဘရိုင်းနားက ဟော်လန်းအနေဖြင့် ဂိုးများစွာသွင်းယူထားနိုင်သော်လည်း ချိတ်ဆက်ကစားမှုအားနည်းနေသေးပြီး အသင်း၏ကစားဟန်နှင့် အံဝင်မည်ဆိုပါက ယခုထက်ပိုကောင်းလာမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 


READ NEXT
Cancel OK