နှစ်အနည်းငယ်ကြာ ကျင်းပနိုင်ခြင်းမရှိ သည့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို အောက်တိုဘာတွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၈- ၂၀၁၉ ရာသီကျင်းပပြီးနောက်ပိုင်း နှစ်အနည်းငယ်ကြာ ကျင်းပနိုင်ခြင်းမရှိဘဲ ယခုနှစ်မှသာ ပြန်လည်ကျင်းပခြင်းဖြစ်သည်။ မြန်မာအမျိုး သမီးလိဂ်ပြိုင်ပွဲကို ယခုနှစ်မှစတင်ကာ မြန်မာနေရှင်နယ်လိဂ်က တာဝန်ယူကျင်းပသွားမည်ဖြစ်ပြီး အောက်တိုဘာ (၃)ရက်မှ နိုဝင်ဘာ (၂၇)ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အသင်းစုစုပေါင်း (၇)သင်း သို့မဟုတ် (၈)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပွဲစဉ်အားလုံးကို သုဝဏ္ဏလေ့ကျင့်ရေးကွင်း-၁ နှင့် M-3 မြက်ခင်းတုကွင်း၌ ပြုလုပ်မည်ဖြစ်ကာ ယခုလကုန်ပိုင်းတွင် ပွဲစဉ်ထုတ်ပြန်မည်ဖြစ်သည်။ လာမည့် မြန်မာအမျိုးသမီး လိဂ်ပြိုင်ပွဲတွင် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၈-၂၀၁၉ ရာသီ ယှဉ်ပြိုင်ခဲ့သည့်အသင်းအများစု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အသင်းသစ်အချို့လည်း ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာ ယူ-၁၈ အမျိုးသမီးလက်ရွေးစင်အသင်းလည်း ယှဉ်ပြိုင်ရန်စီစဉ်ထားပြီး ရွေးချယ်ထားသည့် ပဏာမကစားသမားများအနေဖြင့် သက်ဆိုင်ရာကလပ်များတွင် မကစားဘဲ ယူ- ၁၈ အသင်းတွင် ကစားခွင့်ရရန် ညှိနှိုင်းဆောင်ရွက်မှု သဘောတူညီမှုရပါက ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ ယူ-၁၈ အမျိုးသမီး အသင်း ဝင်ရောက်ယှဉ်ပြိုင်ပါက ပြိုင်ပွဲဝင် အသင်း (၈)သင်းရှိလာမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး (၃)ရာသီကျင်းပပြီးနောက် ရပ်နားထားရခြင်းဖြစ်သည်။
ကျင်းပပြီးစီးခဲ့သည့် (၃)ရာသီတွင် မြဝတီအသင်းက နှစ်ကြိမ်၊ အား/ကာသိပ္ပံ အသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။ ၂၀၁၆ -၂၀၁၇ ရာသီနှင့် ၂၀၁၇-၂၀၁၈ ရာသီတွင် မြဝတီအသင်း၊ ၂၀၁၈-၂၀၁၉ ရာသီတွင် အား /ကာသိပ္ပံအသင်း ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး နောက် ဆုံးကျင်းပသည့်ရာသီတွင် ဗိုလ်စွဲခဲ့သည့် အား /ကာသိပ္ပံအသင်းသည် အာရှဘောလုံးအဖွဲ့ ချုပ် (AFC) က ပြုလုပ်သည့် ၂၀၂၂ အာရှ အမျိုးသမီးကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ မြန်မာအမျိုးသမီးကလပ်များအနေဖြင့် ပထမဆုံးအကြိမ် နိုင်ငံတကာပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သော်လည်း အား/ကာသိပ္ပံ အသင်း အနေဖြင့် ရလဒ်ကောင်းရယူနိုင်ခြင်းမရှိဘဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအသင်းများအပြင် ကလပ်အသင်းအချို့လည်း ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်ကျင်းပရန် စီစဉ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ် ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိသလို ၂၀၂၁ ခုနှစ်တွင်လည်း ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပြုလုပ်နိုင်ခြင်းမရှိဘဲ ယခုနှစ်မှ ပြန်လည်ကျင်းပခြင်းဖြစ်သည်။ ယခုနှစ် ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းမှာ လာမည့်နှစ် အာရှ အမျိုးသမီးကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး အာရှ ဘောလုံးအဖွဲ့ချုပ်က ၂၀၂၄ ခုနှစ်တွင် စတင်ကျင်းပမည့် အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ယှဉ်ပြိုင်ခွင့်ရဖွယ်ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
