အင်္ဂလန် League One ကလပ် ပီတာဘရော့အသင်း၏ ဥက္ကဋ္ဌဖြစ်သူ မက်အန်တိုနီက လီဗာပူးလ်အသင်းအနေဖြင့် ဘင်ဖီကာအသင်းမှ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို စျေးကြီးပေးခေါ်ယူသည့်အစား ဘရန့်ဖို့ဒ်အသင်းမှ အင်္ဂလန်တိုက်စစ်မှူး အိုင်ဗန်တိုနေးအား ခေါ်ယူခဲ့သင့်သည်ဟု မှတ်ချက်ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘင်ဖီကာအသင်းမှ အသက် ၂၃ နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို ကနဦး ပေါင် ၆၄ သန်း (Add-ons ကြေးများကို ထည့်တွက်ပါက ပေါင် ၈၅ သန်းအထိ ရှိလာနိုင်) ဖြင့် ခေါ်ယူခဲ့သည်။
သို့သော် ဒါဝင်နူးနက်ဇ်သည် လီဗာပူးလ်ကစားသမားဘဝ ပရီးမီးယားလိဂ်ဒုတိယပွဲစဉ်မှာပင် အနီကတ်ထိခဲ့သလို ယခုရာသီတွင် တစ်ဂိုးသာသွင်းနိုင်သေးသဖြင့် ပေးရသည့်ကြေးနှင့် ထိုက်တန်မှုမရှိဟု ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေး(၂၆ နှစ်) မှာမူ ယခုရာသီ ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြနေပြီး ငါးဂိုးအထိ သွင်းယူထားသည်။
ပီတာဘရော့အသင်းဥက္ကဋ္ဌ မက်အန်တိုနီက "ပေါင် ၈၅ သန်းတန် ဒါဝင်နူးနက်ဇ် နဲ့ တိုနေး ဘယ်သူပိုကောင်းလဲ မေးချင်တယ်။ နူးနက်ဇ်က လီဗာပူးလ်မှာ ခြေစွမ်းပြကောင်း ပြနိုင်ပါလိမ့်မယ်။ လီဗာပူးလ်က တောင်ပံတွေက ဖြတ်တင်ဘောတွေနဲ့ ဂိုးရဖို့ ကစားတဲ့ အသင်းဖြစ်ပါတယ်။ တကယ်လို့ လီဗာပူးလ်အသင်းသာ တိုနေးကို ခေါ်ယူခဲ့မယ်ဆိုရင် နောက်ခံအစွန်လူနှစ်ယောက်ရဲ့ ပံ့ပိုးမှုနဲ့ သူဟာ တစ်ရာသီကို ၂၅ ဂိုးလောက် သွင်းနိုင်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
