Top News

ဘန်ဇီမာရဲ့ တပ်မက်စိတ်ကိုခိုးယူခဲ့သူ (LIFE)
24htopnews | December 7, 2024 6:13 AM CST

အသက် (၃၂)နှစ်အရွယ် အမေရိကန်မော်ဒယ် ဂျော်ဒန်အိုဇူနာက သူ့အလှမှာ ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာ ငြိတွယ်နေပြီလို့ ခပ်ဝင့်ဝင့်လေးပြောလိုက်တယ်။ ဂျော်ဒန်အိုဇူနာက မော်ဒယ်လောကထဲမရောက်ခင်က လက်စ်ဗီးဂတ်စ်ကHooters စားပွဲထိုးမိန်းကလေးအဖြစ် လုပ်ကိုုင်ခဲ့သူပါ။ အခု သူ့ရဲ့ ရေကူးဝတ်စုံနဲ့ဓာတ်ပုံကို ဘန်ဇီမာကြည့်ပြီး ကြွေဆင်းခဲ့တာလို့ ပြောခဲ့တာပါပဲ။ ပြီးခဲ့တဲ့လတုန်းက ဘန်ဇီမာနဲ့ သူတို့တွဲ နေတယ်ဆိုတဲ့ ကောလာဟလတွေကိုလည်း ဂျော်ဒန်အိုဇူနာ အတည်ပြုခဲ့သေးတယ်။ သူတို့နှစ်ဦးနှလုံးသားချင်း နားလည်မှုယူထားတာ ကြာနေပေမဲ့ တိတ်တခိုးအချစ်နဲ့သာ ရောင့်ရဲနေခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့လအတွင်းမှာ သူတို့နှစ်ဦးဟာ Instagram မှာ ဓာတ်ပုံတွေတင်ပြီး လူသိရှင်ကြား ကြေညာခဲ့ပါတယ်။


READ NEXT
Cancel OK