စပါးအသင်းတိုက်စစ်ကစားသမား ဆွန်ဟောင်မင်က ယခုရာသီတွင် မိမိအနေဖြင့် ဂိုးမိုးခေါင်မှုနှင့် ကြုံတွေ့နေရသော်လည်း စိတ်မပူကြောင်းနှင့် ယခုထက်ပိုကောင်းလာမည်ဟု ပြိုင်ဘက်နောက်ခံလူများကို သတိပေးပြောကြားခဲ့သည်။
အသက် ၃၀ နှစ်အရွယ်ရှိ တောင်ကိုရီးယားလက်ရွေးစင်တိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာ သီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး ၂၃ ဂိုးအထိ သွင်းယူခဲ့ပြီး လီဗာပူးလ်တိုက်စစ်မှူး ဆာလာနှင့်အတူ ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးနိုင်ခဲ့သည်။
သို့သော် ဆွန်ဟောင်မင်သည် ယခုရာသီတွင် ပရီးမီးယားလိဂ် ခြောက်ပွဲနှင့် ချန်ပီယံလိဂ်တစ်ပွဲ၊ စုစုပေါင်း ခုနစ်ပွဲအထိ ကစားထားသော်လည်း ဂိုးသွင်းနိုင်ခြင်းမရှိသေးဘဲ ရုန်းကန်နေရသည်။ ယင်းကဲ့သို့ ဂိုး မိုးခေါင်မှုနှင့် ကြုံတွေ့နေရသော်လည်း ဆွန် ဟောင်မင်က စိတ်မပူကြောင်းနှင့် မိမိအနေဖြင့် ဂိုးသွင်းခွင့်များရရှိနေပြီး ဂိုးမရသေးခြင်းမှာ ကံမကောင်းခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆွန်ဟောင်မင်က "ရိုးသားစွာ ဝန်ခံရမယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဂိုးသွင်းခွင့်တွေမရမှ စိတ်ပူရမှာပါ။ အခု ကျွန်တော် ဂိုးသွင်းခွင့်တွေ ရနေပါသေးတယ်။ တချို့ပွဲတွေမှာ ဆိုရင် ကျွန်တော့်အနေနဲ့ ကံမကောင်းတာမျိုးတွေရှိသလို တချို့ပွဲတွေမှာတော့ ကျွန် တော့်အနေနဲ့ အဆုံးသတ်ညံ့ဖျင်းတာတွေ ရှိပါတယ်။ တချို့ပွဲတွေမှာ ကျွန်တော့်အနေနဲ့ အပိုင်အခွင့်အရေးတွေရပေမဲ့ ဂိုးဝင်အောင် မသွင်းနိုင်လို့ ဒေါသထွက်ရပါတယ်။ ကျွန်တော့်အနေနဲ့ ဂိုးမိုးခေါင်နေပေမဲ့ စိတ်မပူပါဘူး။ ဘာကြောင့်လဲဆိုတော့ အသင်းကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေက ကျွန်တော့်ကို ကူညီနေတာကြောင့်ပါ။ ကျွန်တော် ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် ယုံကြည်မှုလည်း ပြန်ရလာမှာဖြစ်ပြီး ဂိုးတွေ အများကြီး သွင်းနိုင်ပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဆွန်ဟောင်မင်က ယခုရာသီတွင် ဂိုးရရန်ရုန်းကန်နေရခြင်းက မိမိကို ပိုကောင်းသည့် ကစားသမားဖြစ်လာစေမည် ဖြစ်ကြောင်းလည်း ပြိုင်ဘက်အသင်းနောက်ခံလူများကို သတိပေးပြောကြားခဲ့သည်။ "ဒီရာသီမှာ ဂိုးရဖို့ ရုန်းကန်နေရတာ ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမားဖြစ်လာစေမှာပါ။ ကျွန်တော့်အနေနဲ့ ကစားသမားဘဝမှာ တိုးတက်နိုင်တဲ့အရာတွေ အများကြီး ရှိပါသေးတယ်။ ပြီးတော့ အရေးအကြီးဆုံးက အသင်းလိုက်စွမ်းဆောင်မှုကောင်းဖို့က အဓိကပါ။ ကျွန်တော့်အနေနဲ့ အသင်းအတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။ စပါးနည်းပြ ကွန်တီကလည်း ဆွန်ဟောင်မင်၏ ဂိုးမိုးခေါင်မှုအပေါ် စိတ်မပူကြောင်းနှင့် ကစားသမားအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
