■ ဂိုးမုဆိုးရဲ့ တောအုပ်အသစ်
24htopnews | December 7, 2024 6:13 AM CST
ချန်ပီယံလိဂ်ပြိုင်ပွဲက ဟော်လန်း မမွေးခင်ကတည်းက စတင်ကျင်းပခဲ့တဲ့ပြိုင်ပွဲဖြစ်ပြီး အဲဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားခဲ့ဖူးတဲ့ ကစားသမားတွေ ရေတွက်ရခက်လောက်အောင် ရှိနေခဲ့ပါပြီ။ ပွဲ (၁၀၀)နဲ့အထက် ကစားဖူးသူပဲ (၄၅)ဦးရှိပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာ ဟော်လန်းထက် ဂိုးပိုသွင်းနိုင်သူကတော့ (၃၁)ဦးသာ ရှိပါတော့တယ်။ ဟော်လန်းက ချန်ပီယံလိဂ်ပွဲ(၂၀)ပြည့်မှာပဲ (၂၅)ဂိုး သွင်းယူခဲ့ပြီး ဒီလိုဂိုးအရေအတွက်ကို အသက် အငယ်ဆုံး၊ ပွဲအနည်းဆုံးနဲ့ သွင်းယူနိုင်သူဆိုတဲ့ စံချိန်သစ်လည်း ရရှိခဲ့ပါတယ်။ ဆာလ်ဇ်ဘာ့ဂ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်မှာလည်း ဂိုးသွင်းနိုင်ခဲ့တယ်၊ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်မှာလည်း ဂိုးသွင်းနိုင်ခဲ့တယ်၊ အခု မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်မှာလည်း ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပြီး သူက တောမရွေးတဲ့ မုဆိုးလို့ ဆိုရမယ့်သူပါ။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
