ကချင်ပြည်နယ်ဗန်းမော်မြို့တွင် KIA နှင့်ပူးပေါင်းအဖွဲ့များက တိုက်ခိုက်မှုများကြောင့် ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရသည်။
ဗန်းမော်မြို့ကို KIA နှင့်ပူးပေါင်း အဖွဲ့များက ဒီဇင်ဘာ ၅ ရက်နံနက်ပိုင်းမှစတင်၍ ပစ်ခတ်ခဲ့ပြီးနောက် မြို့ပြင်အနီးရှိ ရပ်ကွက်များမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့ခံများက ဆိုသည်။
“ပြောရရင်အရူးမီးဝိုင်း ဖြစ်နေတာ။ KIA က ရှော့တိုက်ဒုံးတွေ နဲ့ထုတော့ မှန်ချင်ရာမှန်တာ။ တပ်ကို ပစ်တာဆိုပေမယ့် အရပ်သားအိမ်တွေ ကျတာများပါတယ်။ တပ်တွေကလည်း မြို့အဝင် ပတ်လည်လောက်ပဲ ရှိတာကို။ ဒရုန်းတွေကလည်းတဝဲဝဲဖြစ်နေတာ။ တပ်ကခံပစ်တာလည်း အရပ်သားတွေထိတယ်။ မြို့ခံတွေက ထွက်ပြေးဖို့လုပ်ပေမယ့် နှစ်ဖက်စလုံးက အဆင့်ဆင့်တွေ ပိတ်ထားကြတာ။ ရေကြောင်းက မနေ့က မနက်က တပ်ကပိတ်တယ်။ ဒီနေ့တော့ ပြေးလို့ရတယ်။ လူတွေ သေတဲ့အခြေအနေက နာရေးအဖွဲ့ကို အကုန်မသိဘူး။ ဆယ်ယောက်အထက်မှာရှိနေတယ်။ အရပ်သား လက်နက်ကိုင်ပါ မကွဲပြားဘူး။ ကျွန်တော်လောပန်း ဒေါ်...တော့ ပါသွားတယ်။ လက်ပြတ်ခြေပြတ်၊ အူထွက်အဲလိုဖြစ်တာ စိတ်ပျက်စရာကြီး။ ဒီမြို့မှာလူတွေမရှိနေရင် ဘာကို မှီခိုမတုန်းဆိုတာ တိုက်ခိုက်တဲ့သူတွေ မစဉ်းစား တတ်ဘူးလားမသိဘူးဗျ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ဗန်းမော်မြို့ ဖန်းခါးကုန်း၊ညောင်ပင်သာ၊ ဗန်းမော်တက္ကသိုလ်က တပ်မတော်ကာ ကင်းစခန်းငယ်များကို လာရောက်ပစ်ခတ်ခြင်းကြောင်း သိရသည်။
“ဘယ်ကို ပြေးရမှန်းမသိတာ။ အဝေးကိုဆိုရင်တော့လွတ်တယ်။ ဗန်းမော်နဲ့နီးရင်လည်း လက်နက်ကြီးတွေက လှမ်းထုလို့ရတယ်။ အဝင်အထွက် ပိတ်တယ်ဆိုတာက ပစ်ခတ်နေတာက အဝင်အထွက်လမ်းက လာလို့ပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဗန်းမော်မြို့တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးပေ။
KIA၊ PDF၊ AA ပူးပေါင်းအဖွဲ့များက အောက်ချောင်းဒေသကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှ ဖေဖော်ဝါရီ ၁၉ ရက်အထိ တိုက်ခိုက်သိမ်းပိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များ ထောင်ချီဗန်းမော်မြို့တွင် မီခိုနေသည့်မြို့ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
