Top News

လာလီဂါပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်
24htopnews | December 7, 2024 7:12 AM CST

လီဗန်တေး - ဂီတာဖေး (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၅ ရက်် ည ၇:၃၀ နာရီ)

(၂)သင်းစလုံး သရေပွဲတွေကစားတာ ပိုသဘောကျနေသလိုပါပဲ။ လီဗန်တေး သရေပွဲတွေဆက်နေသလို၊ ဂီတာဖေးကလည်း နောက်ဆုံး (၄)ပွဲမှာ သရေပွဲ (၃)ပွဲတောင် ကစားထားတာ တွေ့ရတယ်။ လက်ရှိခြေစွမ်းတွေအရလည်း ဒီနှစ်သင်းကြားမှာ သိသာတဲ့ကွာဟမှုမျိုးကလည်း မရှိပြန်ဘူး။ လီဗန်တေးက အိမ်ကွင်းမှာတောင် နိုင်ပွဲရဖို့ခက်နေတတ်တာ၊ ဂီတာဖေးက အဝေးကွင်းမှာ ထိန်းကစားဖို့ကြိုးစားလာနိုင်တာတွေအရဆို ဒီပွဲလည်း ဂိုးအနည်းနဲ့ သရေပွဲဖြစ်သွားဦးမယ်လို့ပဲထင်တယ်။

ဆီဗီလာ - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၅ ရက်် ည ၉:၄၅ နာရီ)

ချန်ပီယံလိဂ်မှာ ရှက်တာဒိုးနက်ကို ရှုံးနိမ့်ခဲ့လို့ ရီးယဲလ်အတွက် အခုဒီပွဲက ပိုပြီးဖိအားများသွားခဲ့တယ်။ နိုဝင်ဘာလရဲ့ လာလီဂါ (၃)ပွဲစလုံး နိုင်ပွဲပျောက်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့်တက်ဖို့ နောက်ဆုံးပွဲစဉ်အထိ ရုန်းကန်ရမယ့် အခြေအနေက စိတ်ပျက်စရာပါ။ ရီးယဲလ်အကျဘက်ရောက်သွားချိန်မှာ ပြိုင်ဘက် ဆီဗီလာကတော့ အတက်ဘက်ကို ပြန်ပြလာနိုင်နေတယ်။ နှစ်သင်းစလုံး ဒဏ်ရာပြဿနာတွေကိုယ်စီ ရင်ဆိုင်နေရပေမဲ့ ဆီဗီလာ ပြန်ရုန်းထလာနိုင်ချိန်မှာ ရီးယဲလ်ကတော့ ပိုပြီးအခြေအနေဆိုးလာသလိုပဲ။ ခံစစ်ပိုင်းက ဂိုးတွေ တောက်လျှောက်ပေးနေရသလို၊ တိုက်စစ်ကလည်း အခုချိန်ထိ အရှိန်ကောင်းကောင်းမရသေးပုံနဲ့တော့ ကစားပုံစေ့စေ့စပ်စပ်ရှိတဲ့ ဆီဗီလာလိုအသင်းကို ရင်ဆိုင်ဖို့ ရီးယဲလ်မက်ဒရစ် အဆင်သင့်ဖြစ်ပါ့မလား မသေချာဘူး။ လက်ရှိနှစ်သင်းအခြေအနေကို သုံးသပ်ကြည့်ရင်တော့ အိမ်ရှင်ဆီဗီလာနဲ့ ဂိုးအနည်းကိုပဲ ကြိုက်နေမိတယ်။

အက်သလက်တီကို - ဗယ်လာဒိုးလစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၅ ရက်် ည ၁၂:၀၀ နာရီ)

အက်သလက်တီကိုရဲ့ပုံစံက ဒီရာသီမှာ ချန်ပီယံလိဂ်ထက် လာလီဂါကို ပိုပြီးအာရုံစိုက်တော့မယ့်ပုံမျိုး ပေါ်နေတယ်။ လာလီဂါမှာ ရှုံးပွဲမရှိသေးသလို၊ ခြေစွမ်းပိုင်းလည်း ပိုတည်ငြိမ်နေတယ်။ လက်ရှိအနေအထားတွေအရတော့ အက်သလက်တီကိုရဲ့ လာလီဂါခြေစွမ်းပိုင်းက ပြောစရာသိပ်မရှိလှသလို၊ သူတို့ရဲ့ အရင်ပုံစံဖြစ်တဲ့ နိုင်ပွဲရအောင်ကစားပြတတ်တဲ့ပုံစံမျိုးကို ပြန်တွေ့လာရတယ်။ ဒါကြောင့် အခုဗယ်လာဒိုလစ်နဲ့ပွဲမှာလည်း အက်သလက်တီကိုကို သိပ်တော့မစိုးရိမ်ရလောက်ဘူး။ ဒါပေမဲ့ ဗယ်လာဒိုလစ်ကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃)ပွဲစလုံး အရှုံးမရှိအောင်ကစားပြပြီး ခြေစွမ်းပြန်တက်လာနေလို့ အက်သလက်တီကိုအတွက် အလွယ်တကူကျော်ဖြတ်နိုင်မယ့် ပြိုင်ဘက်မျိုးတော့ မဟုတ်ဘူး။ ဒီတော့ အဝေးကွင်းမှာ ခံစစ်ကစားလာနိုင်တဲ့ ဗယ်လာဒိုလစ်ရဲ့ကစားပုံက အက်သလက်တီကိုအတွက်သ တိထားစရာပါပဲ။ အိမ်ကွင်းဖြစ်နေတာကြောင့် အက်သလက်တီကိုတို့ အနိုင်ကစားမှာတော့ သေချာပါတယ်။ ဂိုးတော့နည်းမယ်။

ကာဒစ်ဇ် - ဘာစီလိုနာ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၆ ရက်် နံနက် ၂:၃၀ နာရီ)

အိုဆာဆူနာနဲ့ပွဲကို ဂိုးပြတ်နိုင်လိုက်ပေမဲ့ ဘာစီလိုနာရဲ့ လာလီဂါအဝေးကွင်းခြေစွမ်းက စိတ်မချရသလို ဖြစ်နေသေးတယ်။ ချန်ပီယံလိဂ်မှာ အဝေးကွင်းနိုင်ပွဲတွေယူပြနိုင်ပေမဲ့ လာလီဂါမှာတော့ ဘာစီလိုနာရဲ့ အဝေးကွင်းရလဒ်တွေက အားနည်းလွန်းပြီး နောက်ဆုံးကစားခဲ့တဲ့ အက်သလက်တီကိုနဲ့ပွဲကိုလည်း အရှုံးပေးထားရတယ်။ အထူးသဖြင့် အဝေးကွင်း တိုက်စစ်ပိုင်း ဂိုးသွင်းအားပုံမှန်မရှိမှုက ဘာစီလိုနာရဲ့ အဓိကအားနည်းမှုလိုဖြစ်နေပြီး လာလီဂါအဝေးကွင်း (၄)ပွဲမှာ (၁)ပွဲသာ နိုင်ပြီး (၄)ဂိုးသာ သွင်းထားနိုင်သေးတယ်။ ကာဒစ်ဇ်ကလည်း တန်းတက်ဆိုပေမဲ့ သိပ်ညံ့လှတဲ့အသင်းမျိုး မဟုတ်ဘူး။ ဒါပေမဲ့ အိမ်ကွင်းထက် အဝေးကွင်းမှာ ပိုအလုပ်ဖြစ်နေပြီး အိမ်ကွင်းနိုင်ပွဲမရသေးဘူး။ နောက်ပြီး အိမ်ကွင်းဂိုးသွင်းအားကလည်း အားနည်းလွန်းတာကို တွေ့ရတယ်။ ဒီတော့ ဒဏ်ရာ ပြဿနာတွေရှိနေတဲ့ ဘာစီလိုနာခံစစ်ပိုင်းကို နည်းနည်းတော့ အသက်ရှူချောင်စေမယ်ထင်တယ်။ ဘာစီလိုနာ အနိုင်ရအောင်တော့ ကစားပါလိမ့်မယ်။ ဂိုးနည်းမယ်။


READ NEXT
Cancel OK