အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းက စပါးအသင်းနှင့်ကစားမည့် မြောက်လန်ဒန်ဒါဘီမှာ မိမိတို့အတွက် အလှည့်အပြောင်းဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့သော်လည်း ပရီးမီးယားလိဂ်တွင် ရလဒ်များ ဆိုးရွားနေပြီး ပွဲစဉ် (၁၀)အပြီးတွင် ရမှတ် (၁၃)မှတ်သာ ရရှိထားကာ အဆင့် (၁၄)နေရာ၌ ရပ်တည်နေသည်။
ယင်းမှာ အသင်းသမိုင်းတွင် နောက်ဆုံး(၃၉)နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်ဖြစ်ပြီး အူဘာမီယန်းက စပါးအသင်းကို အနိုင်ကစားကာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ရန် ရည်မှန်းနေခြင်းဖြစ်သည်။
အူဘာမီယန်းက "စပါးအသင်းနဲ့ ကစားမယ့်ပွဲက ကျွန်တော်တို့အတွက် ဒီရာသီမှာ အလှည့်အပြောင်းဖြစ်လာနိုင်တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။ ဒီပွဲက ကျွန်တော်တို့ အခုရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ပြောင်းလဲဖို့ အကောင်းဆုံးအခွင့်အရေးပါပဲ။ ကျွန်တော်တို့အနေနဲ့ စပါးအသင်းကို အနိုင်ရခဲ့မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလဲသွားမှာပါ။ ဒါဘီပွဲရလဒ်က ကစားသမားတွေကိုရော၊ ပရိသတ်တွေကိုရော အားလုံးကို ပြောင်းလဲစေနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စပါးအသင်းကို အနိုင်ရဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပြီး လက်ရှိအခြေအနေကို ပြောင်းလဲသွားမှာပါ"ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီက အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၉)ဂိုးအထိ သွင်းယူပေးခဲ့သည့် အူဘာမီယန်းသည် ယခုရာသီတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် (၁၀)ပွဲတွင် (၂)ဂိုးသာ သွင်းယူထားနိုင်သေးသည်။
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)အဖြစ် မြောက်လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်းကို အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
