ဂျူဗင်တပ်စ်အသင်းနည်းပြဟောင်း အယ်လီဂရီက မိမိလက်တွဲဖူးသမျှ ကစားသမားများထဲတွင် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် စိတ်ဆန္ဒအပြင်းပြဆုံးဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။
အသက် (၅၃)နှစ်အရွယ်ရှိ အီတလီလူမျိုးနည်းပြ အယ်လီဂရီသည် နည်းပြဘဝတွင် အေစီမီလန်၊ ဂျူဗင်တပ်စ်တို့လို ထိပ်တန်းအသင်းများကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး ၂၀၁၈-၁၉ ရာသီက ဂျူဗင်တပ်စ်အသင်းတွင် စီရော်နယ်လ်ဒိုနှင့်အတူ လက်တွဲခဲ့ဖူးသူဖြစ်သည်။
၂၀၁၈-၁၉ ရာသီကုန်တွင် ဂျူဗင်တပ်စ်အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် အယ်လီဂရီက စီရော်နယ်လ်ဒိုသည် အခြားကစားသမားများနှင့် စိတ်ဓာတ်ပိုင်းခြားနားသူဖြစ်ကြောင်း ပြောကြားခဲ့သည်။
အယ်လီဂရီက "နည်းပြဘဝမှာ စိတ်ရော ရုပ်ပါ သန်မာကြံ့ခိုင်တဲ့ ကစားသမားများစွာနဲ့ ကျွန်တော် လက်တွဲခွင့်ရခဲ့ပါတယ်။ နောက်ခံလူတွေထဲမှာ ချီလီနီ၊ နက်စတာ၊ ကွင်းလယ်လူတွေထဲမှာဆိုရင် ဂတ်တူဆို၊ ဆီးဒေါ့ဖ်၊ တိုက်စစ်မှူးတွေထဲမှာဆိုရင် အီဘရာဟီမိုဗစ်၊ စီရော်နယ်လ်ဒိုတို့လို ကစားသမားတွေပေါ့။ ဒါပေမဲ့ စိတ်ဆန္ဒအပြင်းပြဆုံးကစားသမားက စီရော်နယ်လ်ဒိုပါပဲ။ သူက တခြားလူတွေနဲ့ မတူပါဘူး။ သူက Ballons d’Or (၅)ကြိမ်ရထားတယ်။ ချန်ပီယံလိဂ်ဖလား (၅)ကြိမ် ရထားတယ်။ ပေါ်တူဂီနဲ့အတူ ယူရိုဖလား ရထားတယ်။ ဒါတွေက အရမ်းခက်တဲ့အရာတွေပါ။ စီရော်နယ်လ်ဒိုမှာ နှစ်စဉ်နှစ်တိုင်း ရည်မှန်းချက်အသစ်တွေ ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
အယ်လီဂရီနှင့် စီရော်နယ်လ်ဒိုနှင့်အတူ လက်တွဲခဲ့သည့် ၂၀၁၈-၁၉ ရာသီတွင် ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေချန်ပီယံဆုနှင့် အီတလီစူပါဖလားတို့ကို ရယူနိုင်ခဲ့ပြီး စီရော်နယ်လ်ဒိုသည် ယင်းရာသီက ပြိုင်ပွဲစုံ (၄၃)ပွဲတွင် (၂၈)ဂိုး သွင်းယူပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
