PSG အသင်းနည်းပြ တူဟယ်လ်က အသင်းတိုက်စစ်မှူး ဘာပေအနေဖြင့် ချန်ပီယံလိဂ်တွင် ဂိုးမိုးခေါင်နေခြင်းနှင့်ပတ်သက်ပြီး စိတ်မပူကြောင်း ပြောကြားခဲ့သည်။
ဘာပေသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် မန်ချက်စတာယူနိုက်တက် (၁-၃) PSG ပွဲတွင် ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပေ။
ထို့ကြောင့် ဘာပေအနေဖြင့် ချန်ပီယံလိဂ်တွင် ဂိုးမသွင်းနိုင်သည်မှာ (၉)ပွဲအထိ ရှိလာခဲ့ပြီး ယင်း(၉)ပွဲတွင် ဂိုးကန်သွင်းမှု (၉)ကြိမ်သာ ပြုလုပ်နိုင်ခဲ့သလို၊ ဂိုးပေါက်တည့်ကန်ချက်မှာလည်း (၂) ကြိမ်သာ ရှိခဲ့ကြောင်း သိရသည်။
သို့သော် တူဟယ်လ်က "ချန်ပီယံလိဂ်မှာ ဘာပေ ဂိုးမသွင်းနိုင်တာနဲ့ ပတ်သက်ပြီး ကျွန်တော်ကတော့ စိတ်မပူပါဘူး။ သူဟာ မန်ချက်စတာယူနိုက်နဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သူဟာ အဲဒီပွဲမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကိုရော ခံစစ်ပိုင်းကိုပါ ကူညီခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ သူ ဂိုးမသွင်းနိုင်တာက ကံမကောင်းလို့ပါ။ သူ့အတွက် ဂိုးတွေ လာပါလိမ့်မယ်။ အဲဒီအတွက် ကျွန်တော် စိတ်မပူပါဘူး။ ဒါကြောင့် ဘာပေအနေနဲ့လည်း စိတ်ပူဖို့ မလိုပါဘူး"ဟု ပြောကြားခဲ့သည်။
အသက် (၂၁)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် ယခုရာသီ ပြင်သစ်လီဂူး (၈)ပွဲတွင် (၉)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ် (၄)ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
