ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) စနေညရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက အိမ်ကွင်းအီတီဟတ်ဒ်မှာ (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
ပြီးခဲ့တဲ့ပွဲစဉ် (၁၀)မှာ ဘန်လေအသင်းကို အိမ်ကွင်းမှာ (၅-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ မန်စီးတီးအတွက်နောက်ထပ် ကျေနပ်စရာအိမ်ကွင်းနိုင်ပွဲဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဖိအားများနေတဲ့ နည်းပြဂွါဒီယိုလာအတွက်လည်း စိတ်အေးစရာရလဒ်ဖြစ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဆုကို တစ်ကျော့ပြန်ပစ်မှတ်ထားနေတဲ့အသင်းနဲ့ ဒီရာသီမှာ နိုင်ပွဲ (၂)ပွဲသာရရှိသေးတဲ့ တန်းတက်အသင်းတို့အကြား ကွာခြားချက်ကြီးမားလွန်းခဲ့ပြီး မန်စီးတီးအသင်းကပဲ အခွင့်အရေးများစွာနဲ့အတူ ပွဲအစအဆုံးနီးပါး ဖိအားပေးကစားသွားခဲ့တာပါ။
ဂျေးဇူး၊ ဒီဘရိုင်းနား၊ စတာလင်၊ မာရက်ဇ်တို့နဲ့စုဖွဲ့ထားတဲ့ မန်စီးတီးအသင်းရဲ့တိုက်စစ်ပိုင်းက ဝက်စ်ဟမ်းခံစစ်ကို တစ်ချိန်လုံးဒုက္ခပေးခဲ့ပြီး တိုက်စစ်ကစားသမားတွေ အခွင့်အရေးများစွာဖြုန်းတီးခဲ့လို့သာ ဒီထက်ပိုပြီးဂိုးမရခဲ့တာပါ။
ဖူလ်ဟမ်အသင်းကလည်း အဝေးကွင်းမှာ အသင်းကြီးတစ်သင်းနဲ့ရင်ဆိုင်ရတာဖြစ်ပေမယ့် ရှိန်မနေဘဲ တန်ပြန်တိုက်စစ်တွေကတစ်ဆင့် တုံ့ပြန်ဖို့ကြိုးစားခဲ့တာတွေ့ရပါတယ်။
ဒါပေမဲ့ ကစားသမားတွေအကြား တစ်ဦးချင်းအရေအသွေးကွာခြားမှုက ဒီပွဲကိုဆုံးဖြတ်ပေးခဲ့တာဖြစ်ပြီး ဖူလ်ဟမ်နည်းပြပါကားပြင်ဆင်လာခဲ့တဲ့ တန်ပြန်တိုက်စစ်မျှော်လင့်ချက်တွေကို မန်စီးတီးအသင်းခံစစ်က စနစ်တကျဖြတ်တောက်နိုင်ခဲ့ပါတယ်။
မန်စီးတီးအတွက် တစ်ခုတည်းသောပြောစရာဖြစ်ခဲ့တာက ပွဲချိန် (၂၆)မိနစ်အတွင်းမှာပဲ သွင်းဂိုး (၂)ဂိုးရခဲ့ပေမယ့် လက်ကျန်မိနစ်တွေမှာ ဂိုးရအောင်ထပ်မစွမ်းဆောင်နိုင်တာဖြစ်ပြီး အခွင့်အရေးလွဲချော်မှုတွေ၊ အသုံးမချနိုင်မှုတွေက စိတ်ပျက်စရာပါ။
ပွဲအစ (၅)မိနစ်မှာပဲ စတာလင်က မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကိုတော့ ပွဲချိန် (၂၆)မိနစ်မှာ စတာလင်ကြောင့်ရရှိတဲ့ ပယ်နယ်တီကနေ ဒီဘရိုင်းနားက အမှားအယွင်းမရှိကန်သွင်းယူပေးခဲ့ပါတယ်။
ပထမပိုင်းမှာ (၂-ဝ)ဂိုးနဲ့ပြီးဆုံးခဲ့သလို ဒုတိယပိုင်းမှာလည်း (၂)သင်းစလုံးဂိုးတွေရဖို့ကြိုးစားခဲ့ကြပေမယ့် အခွင့်အရေးတွေကိုယ်စီလွဲချော်ခဲ့ကြလို့ ဂိုးတွေထပ်မရခဲ့ပါဘူး။
ဒါကြောင့် (၂-ဝ)ဂိုးနဲ့ပဲပွဲပြီးဆုံးခဲ့ပြီး (၂)ပွဲဆက်အနိုင်ရလဒ်နဲ့အတူ မန်စီးတီးအသင်းကလည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ပိုင်းနေရာကို ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့ပါပြီ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
