Top News

အာတီတာအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ ဒီဇင်ဘာ 
24htopnews | December 7, 2024 7:12 AM CST

အာတီတာက အာဆင်နယ်အသင်းရဲ့ နည်းပြအဖြစ် ၂၀၁၉ ဒီဇင်ဘာ(၂၀)မှာ စတင် ခန့်အပ်ခံခဲ့ရတာပါ။ စာချုပ်သက်တမ်းက ၂၀၂၃ ခုနှစ်အထိ ဖြစ်တာကြောင့် အာဆင်နယ်အသင်း က ရေရှည်အနာဂတ်အတွက် ရည်ရွယ်လက်တွဲခဲ့ ခြင်းဖြစ်တယ်လို့ ဆိုရမှာပါ။ ဒီဘက်ခေတ်မှာ နည်းပြတစ်ယောက်ကို အခုလို နှစ်ရှည်စာချုပ် ချုပ်ဆိုတာ အတော်လေးရှားပါးသွားပါပြီ။ နာ မည်ကျော်နည်းပြတချို့ကလွဲရင် အများစုက (၂) နှစ်စာချုပ်လောက်နဲ့သာ လက်တွဲလေ့ရှိကြတာ ပါ။ အာတီတာက မန်စီးတီးအသင်းမှာ ဂွါဒီယို လာရဲ့ လက်ထောက်နည်းပြအဖြစ်သာ ဆောင် ရွက်ခဲ့ဖူးသူဖြစ်ပြီး ဂွါဒီယိုလာရဲ့ အားထားရတဲ့ လက်ရုံးတစ်ဆူအဖြစ် ထင်ရှားလာခဲ့ပေမဲ့ ကိုယ် တိုင်ဦးဆောင်နိုင်စွမ်း ရှိ၊ မရှိ ဆိုတာကိုတော့ အစမ်းသပ်မခံဖူးသေးပါဘူး။ ဒါကို အာဆင်နယ် အသင်းက ယုံယုံကြည်ကြည် စွန့်စွန့်စားစားနဲ့ ခေါ်ယူတာဝန်ပေးခဲ့တာပါ။ တကယ်တော့ အာ ဆင်နယ်အသင်းက သက်တမ်းရှည်လက်တွဲခဲ့တဲ့ ဝါရင့်နည်းပြ အာစင်ဝင်းဂါးလက်ထက်မှာက တည်းက ချန်ပီယံပြေးလမ်းအပြင်ဘက် ရောက် လာခဲ့တဲ့အသင်း ဖြစ်ပါတယ်။


READ NEXT
Cancel OK