ပြည့်တန်ဆာဆိုင်ရာဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲနိုင်ရန်အတွက် အစည်းအဝေးများပြုလုပ်၍ ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲ မှုကော်မတီက ပြည်သူ့လွှတ်တော်သို့ တင် သွင်းသော အစီရင်ခံစာတွင် ဖော်ပြထားသည်။
နေပြည်တော်၌ ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒသမနေ့ တွင် ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီမှအစီရင်ခံစာကို တင်သွင်း ခဲ့ခြင်းဖြစ်သည်။
စီမံခန့်ခွဲမှုကော်မတီ၏ အစီရင်ခံစာတွင် ကော်မတီအနေဖြင့် ပြည့်တန်ဆာဆိုင်ရာ ဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲနိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အရပ်ဘက်အဖွဲ့အစည်းတို့ဖြင့် အစည်းအဝေးများ နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ကော်မတီတွင် ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ကော်မတီက တာဝန်ယူဆောင်ရွက်လျက်ရှိသော ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ဥပဒေ ၄၇ ခုထဲတွင် လောင်းကစား ဥပဒေကို ကော်မတီက အသစ်ပြင်ဆင်ရေးဆွဲပြီး လွှတ်တော်သို့ စတင်တင်သွင်းနိုင်ရန်အတွက် ကော်မတီအတွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ခြောက်ကြိမ်၊ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်များသို့ အစည်းအဝေးများ ဖိတ်ကြား၍ ညှိနှိုင်းအစည်းအဝေး ငါးကြိမ်၊ စုစုပေါင်း ၁၁ ကြိမ်ပြုလုပ်ခဲ့ပြီး လက်ရှိ ၂၀၁၈ ခုနှစ်၊ လောင်းကစားဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၇၇၊ နည်းဥပဒေခွဲ (စ) တို့နှင့်အညီ ကော်မတီအနေဖြင့် ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့ တင်ပြဆောင်ရွက်ခဲ့ကာ ပြည်သူ့လွှတ်တော်တွင် ဆောင်ရွက်ဆဲဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
ထို့ပြင် ကော်မတီသည် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ မြန်မာနိုင်ငံ လင်မယားကွာရှင်းရေး အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေ၊ မြန်မာနိုင်ငံခရစ်ယာန် ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ၊ တရားခံလွှဲပြောင်း ရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြင်ဆင်ခြင်း၊ အ သစ်ရေးဆွဲခြင်းများပြုလုပ်၍ ပြဋ္ဌာန်းရန်အတွက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြုလုပ်သောအစည်းအဝေးများသို့ တက်ရောက်၍ ပူးပေါင်းညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
