နှမ်းစျေးကောင်းသော်လည်း သီးနှံအထွက်နှုန်း လျော့ကျသဖြင့် စစ်ကိုင်းမြို့နယ် အတွင်းရှိ နှမ်းစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။
ယခုနှစ်နှမ်းစျေးသည် သုံးတင်းဝင် တစ်အိတ်လျှင် ၁၈၀၀၀၀ (အဖြူ)၊ ၂၅၀၀၀၀ (အနက်) ထိ စျေးရနေသော်လည်း မိုးနှောင်း မိုးရွာသွန်းမှုကြောင့် သီးနှံအထွက်နှုန်း လျော့ကျခြင်း၊ သွင်းအားစုများ မြင့်တက်လာခြင်းတို့ကြောင့် စစ်ကိုင်းမြို့နယ် ရေမျက်အင်းဝန်းကျင်ရှိ ဒေသခံနှမ်းစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။
“မနှစ်က နှမ်းစျေးအဖြူတစ်အိတ် ၇၀၀၀၀၊ အနက်တစ်အိတ် ၁၅၀၀၀ ပေါက်တယ်။ ဒီနှစ် စျေးပိုရပေမဲ့ ရာသီဥတုကြောင့် သီးနှံအထွက်နှုန်း လျော့တာရယ် စိုက်စရိတ်၊ ပိုးသတ်ဆေးတွေ ပေါင်းရှင်းခ၊ သီးနှံရိတ်သိမ်းခကလည်း တစ်ဧကကို အလုပ်သမားခ ငါးသောင်းလောက် ကုန်ကျတာတွေကို နုတ်လိုက်မယ်ဆို တောင်သူတွေ ရှုံးတာပါပဲ။ ကျွန်မတို့ဆို ၂၅ ဧက စိုက်တယ်။ တစ်ဧကမှ ခုနစ်တင်းလောက် ထွက်တော့တယ်” ဟု ကျောက်ပနန်ရွာမှ နှမ်းစိုက်တောင်သူဒေါ် တင့်ခိုင်က ပြောကြားသည်။
ရေမျက်ကြီးဝန်းကျင်ရှိ နှမ်းစိုက်တောင် သူများသည် နှစ်စဉ်ဝါခေါင်လမှ နှမ်းစတင်စိုက်ပျိုးကာ တန်ဆောင်မုန်းလတွင် နှမ်းရိတ်သိမ်းလေ့ရှိကြောင်း၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် တစ်ဧက ၁၀ တင်း ၁၅ တင်းထွက်သည့် အခင်းများသည် ယခုတစ်ဧကလျှင် ငါးတင်း၊ ခုနစ်တင်း၊ ၁၀ တင်းသာ ထွက်ရှိကာ သုံးနှစ်ဆက်တိုက် အရှုံးပေါ်နေကြောင်း ဒေသခံနှမ်း စိုက်တောင်သူများထံမှ သိရသည်။
“အပင်စတက်တဲ့ အချိန်၊ အပွင့်၊ အကိုင်းခက် တက်မယ့်အချိန် မိုးများသွားတော့ ပင်တည်းတွေဖြစ်ပြီး သီးနှံအထွက်နှုန်းလျော့ ကုန်တာ။ မနှစ်ကထက် ဒီနှစ်နှမ်းစျေးရပေမဲ့ အထွက်နှုန်းလျော့တော့ ရှုံးတာပါပဲ။ ဒါတောင် အစိုးရက စိုက်စရိတ်တိုးမြှင့်ချေးပေးနေလို့ စိုက်ဖို့ပျိုးဖို့အဆင်ပြေနေတာ။ အရင်က စိုက်ဖို့ကို အပြင်က ချေးငှားရတော့ ပိုရှုံးတယ်။ အရင်က စစ်ကိုင်း၊ မန္တလေး တက်ရောင်းရတယ်။ ခုပွဲစားတွေကိုယ်တိုင် ဆင်းဝယ်နေရတယ်” ဟုကံကြီးကုန်းကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
