Top News

အမ်းမြို့နယ် ကံမြင့်စစ်ဆေးရေးဂိတ်တွင် ဟွန်ဒိုင်းကားတစ်စီးပေါ်မှ ဘင်္ဂါလီကိုးဦး ဖမ်းမိ
24htopnews | December 7, 2024 9:12 AM CST

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကံမြင့်စစ် ဆေးရေးဂိတ်တွင် ဒီဇင်ဘာ ၅ ရက်နံနက် ၇ နာရီခန့်က ဟွန်ဒိုင်းကား တစ်စီးပေါ်မှ အထောက်အထား တစ်စုံတစ်ရာ မပါရှိသည့် ဘင်္ဂါလီကိုးဦး ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီများသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှဖြစ်ပြီး ဘင်္ဂါလီတစ်ဦး၏ အဆက်အသွယ်ဖြင့် ယာဉ်မောင်းသန်းစိုးအား အခကြေးငွေ အမြောက်အမြားပေးကာ ရန်ကုန်သို့ သွားရောက်ခြင်းဖြစ်ကြောင်း၊ ကားအား ကံမြင့်စစ်ဆေးရေးဂိတ်တွင် ရပ်တန့်စစ်ဆေးရာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အထောက်အထား တစ်စုံတစ်ရာမျှ မပါရှိဘဲ နယ်ကျော်ခရီးသွားလာသည့်အတွက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် လဝကဥပဒေအရ အရေးယူရန် စိစစ်လျက်ရှိပြီး ယာဉ်မောင်းအား ရဲတပ်ဖွဲ့မှ စိစစ်လျက် ရှိကြောင်းလည်း သိရသည်။

“အဲဒီဘင်္ဂါလီ အားလုံးက ကျောက်တော်မြို့နယ်ကပေါ့။ ရွှေလှိုင်ကျေးရွာက တစ်ယောက်၊ ပိုက်သည်ရွာက သုံးယောက်၊ ခေါင်းတုတ်ကျေးရွာက လေးယောက်၊ အုံးပတီးကျေးရွာက တစ်ယောက်၊ အဲဒီအထဲအသက် လေးနှစ်လောက် ယောကျ်ားကလေး တစ်ယောက်ပါတယ်။ ကျန်တာက အားလုံးအမျိုးသမီးတွေ။ သူတို့က ကားသမားကို အခကြေးငွေပေးပြီး သွားကြတာပေါ့။ အထောက်အထား ပါမလာတဲ့အတွက် ကျွန်တော်တို့ဘက်ကတော့ ဘင်္ဂါလီတွေကို လဝကဥပဒေအရ အရေးယူဖို့ လုပ်ဆောင်နေပါတယ်” ဟု ဒုလဝကမှူး တင်မင်းလတ်က ဆိုသည်။   


READ NEXT
Cancel OK