Top News

ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၇ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၆၀ အထိ ဆက်တက်
24htopnews | December 7, 2024 9:12 AM CST

ဒီဇင်ဘာ ၆ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၇ ပွိုင့်ဝန်းကျင်ဆက်ရှိပြီး ပြည်တွင်းစျေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၆၀ အထိဆက်လက် မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်းများမှာ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင်တွင် ၉၅ ဒသမ ၃၉ ပွိုင့်၊ သြဂုတ်တွင် ၉၆ ဒသမ ၈၅ ပွိုင့်၊ စက်တင်ဘာတွင် ၉၅ ဒသမ ၄၈ ပွိုင့်၊ အောက်တိုဘာတွင် ၉၆ ဒသမ ၈၇ ပွိုင့်ဝန်းကျင် ဖြစ်ခဲ့သည်။ ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်းသည် နိုဝင်ဘာ ၁၂ ရက်တွင် ၉၇ ဒသမ ၅၂ ပွိုင့်အထိ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၆ ရက်တွင် ၉၇ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ဇွန်လမှစတင်ကာ သိသိသာသာ မြင့်တက်ခဲ့ရာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံ ချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင် ၁၆၂၂ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံး စံချိန်ထပ်တင်ခဲ့သည်။ ဒေါ်လာစျေးသည် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိ ကျဆင်းခဲ့သော်လည်း သြဂုတ် ၂၈ ရက်တွင် ကျပ် ၁၅၆၀၊ စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၁၅၇၀၊ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင် ၁၆၂၂ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ ဆက်တက်ခဲ့သည်။ အောက်တိုဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့သော်လည်း အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိပြန်လည် မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၁၅၁၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၆ ရက်တွင် ကျပ် ၁၅၆၀  ဝန်းကျင်အထိ ပြန်ရောက်ခဲ့သည်။

 ၂၀၁၈ ခုနှစ် မေလမှ စတင်ကာ ကမ္ဘာ့ ဒေါ်လာစျေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက် ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းစျေးကွက်၌ ခြောက်လအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄ - ၁၄၄၃၊ သြဂုတ်တွင် ၁၄၄၂ -၁၅၇၀၊ စက်တင်ဘာတွင် ၁၅၃၈-၁၆၅၀၊ အောက်တိုဘာတွင် ၁၅၁၅-၁၆၀၀၊ နိုဝင်ဘာတွင် ၁၅၆၅-၁၅၉၅ ကျပ်တို့ဖြစ်ပြီး သြဂုတ်လတွင် ကွာဟချက်အများဆုံးဖြစ်ခဲ့ သည်။ ဒီဇင်ဘာ ၆ ရက်တွင် ဗဟိုဘဏ်ရည် ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၁၅၄၃ ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်စျေးနှုန်းထက် သုံးကျပ်  မြှင့်တင်သတ်မှတ်ခဲ့သည်။

ပြည်တွင်းစျေးကွက်အတွင်း ဒီဇင်ဘာ ၆  ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြား ငွေကြေးများ၏ လဲလှယ်မှု နှုန်းထားများမှာ ယူရို ၁၇၇၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၄၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၇၀ ကျပ်၊ ထိုင်းဘတ် ၄၈ ကျပ်ဖြစ်သည်။

 


READ NEXT
Cancel OK