တနင်္သာရီတိုင်းရှိ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်သည် မူးယစ်ဆေးဝါးများ၊ တရားမဝင်လက်နက်ခဲယမ်းများ၊ တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်များ၊ အကောက်ခွန်မဲ့ကုန်စ္စည်း ဝင်ထွက်မှုများ၊ ခိုးဝင်ဘင်္ဂါလီများ ဝင်ရောက်မှုမရှိစေရန် ပူးပေါင်းဆောင်ရွက်နေသော စစ်ဆေးရေးဂိတ်ဖြစ်သည့်အတွက် ဖြုတ်သိမ်းပေးရန် အစီအစဉ်မရှိဟု ကာကွယ်ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အစိုးရ အဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ တို့၏ ပေါင်းစပ်ဖြေကြားချက်များအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။
နေပြည်တော်၌ ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒ နယ် အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဝင်းသိန်းက နိုင်ငံရေးအရသော်လည်းကောင်း၊ လုံခြုံရေးအရသော် လည်းကောင်း၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အ ရေးအရသော်လည်းကောင်း ယနေ့ခေတ်ကာလတွင် မရှိသင့်သော မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးနယ်အစပ် ပြည်ထောင်စုလမ်းမပေါ်ရှိ မလွှဲတောင် ၀ါးတားဂိတ်အား ဖြုတ်သိမ်းပေးရန် အစီအစဉ် ရှိ မရှိ ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါမေးမြန်းမှုအပေါ် ဒုတိယဝန်ကြီး က “မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ် ဟာ မူးယစ်ဆေးဝါးတွေ၊ တရားမဝင် လက်နက်/ခဲယမ်းတွေ၊ တရားမဝင်လိုင်စင်မဲ့မော်တော်ယာဉ်တွေ၊ အကောက်ခွန်မဲ့ကုန်ပစ္စည်း ဝင်/ထွက်မှုတွေ၊ ခိုးဝင်ဘင်္ဂါလီတွေ ဝင်ရောက်မှု မရှိစေရေးအတွက် ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးဆောင်ရွက်ခြင်းအားဖြင့် ပြည်သူတစ်ရပ်လုံးရဲ့ ဘေးကင်းလုံခြုံရေးကို များစွာအထောက်အကူရောက်တဲ့အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မလွှဲတောင်စစ်ဆေးရေးဂိတ်အား ဖြုတ်သိမ်းပေးဖို့ အစီအစဉ်မရှိပါဘူး” ဟု ပြန်လည်ဖြေကြားသည်။
မလွှဲတောင်ဝါးတားဂိတ်သည် နယ်မြေလုံခြုံရေးအတွက် ယခင်ကတည်းက တပ်စခန်းနှင့် ရဲကင်းများထားရှိပြီး ဖြတ်သန်းသွားလာသည့် ခရီးသွားယာဉ်များကို အဖွဲ့ဖြင့် စစ်ဆေးလျက်ရှိကာ ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့် ဂိတ်ဖွင့်လှစ်ထားခြင်းမရှိသကဲ့သို့ ဌာနမှဝန်ထမ်းများကို တာဝန်ပေးအပ်ထားခြင်းမရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွင့်လှစ်ထားသည့် ဂိတ်ဖြစ်ကြောင်း၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် မလွှဲတောင် တောင်ကုန်းတွင် တပ်မတော်မှ စခန်းတစ်ခုထားရှိပြီး လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော်လည်း ယင်းစစ်ဆေးရေးဂိတ်တွင် တပ်မတော်မှ ပါဝင်စစ်ဆေးခြင်းမရှိကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။
၂၀၁၆ မှ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်အထိ မူးယစ်ဆေးဝါးမှု ၂၂ မှု၊ တရားခံ ကျား ၃၃ ဦး၊ မ နှစ်ဦး၊ WY ဆေးပြား ၁၃၃၇၅၆ ပြား၊ ICE ၁၀ ဂရမ်၊ ကာလတန်ဖိုး ကျပ် ၆၆၈ ဒသမ ၉၈ သန်း၊ သက်သေခံ ငွေကျပ် ၂ ဒသမ ၁၅၆၂ သန်း၊ အခြားပြစ်မှု ၂၂ မှု၊ တရားခံ ကျား ၃၀ ၊ မ နှစ်ဦး၊ ခိုးဝင်ဘင်္ဂါလီ ကျား တစ်ဦး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၁၃ စီး၊ လိုင်စင်မဲ့ဆိုင်ကယ် ငါးစီး၊ တရားမဝင်သစ် ၉၀ ဒသမ ၃၂၃ တန်၊ သက်သေခံလိပ်ခွံ ရှစ်ခု၊ ငှက်သိုက် ၆၀ ကျပ်သား၊ ကျောက်စိမ်းဖြတ်စ ရုပ်တု ၃၈ ခု၊ မလေးရှားနိုင်ငံ၌ စံချိန်တင်ဖမ်း ဆီးရမိသည့် မူးယစ်ဆေးဝါးအမှုမှ အဓိက တရားခံ အောင်လွင် (ခ) ထားဝယ်ကြီးကိုလည်း မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်ရှိ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ ယာဉ်ပေါ်သို့ တက်ရောက်စစ်ဆေးခြင်း၊ မူးယစ်ဆေးဝါးများ ရှာဖွေစစ်ဆေးဖမ်းဆီးရမိမှုဖြစ်စဉ်များတွင် ရာဇဝတ်ကျင့်ထုံးဥပဒေနှင့်အညီ ရှာဖွေသက်သေနှစ်ဦးနှင့်အတူ တရားခံများ၏ရှေ့တွင် ရှာဖွေစစ်ဆေးဆောင် ရွက်ပြီးမှ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အပြင် မူးယစ်ဆေးဝါးနှင့်အတူပါရှိသည့် ငွေ နှင့် ပစ္စည်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြန် လည်ဖြေကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
