လက်ရှိ ပုဂ္ဂလိကသင်တန်းကျောင်း၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်ပတက္ကသိုလ် (သို့မဟုတ်) ပညာရေးဆိုင်ရာအဖွဲ့ အစည်းများသည် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သော ဥပဒေများအရ ခွင့်ပြုထား ခြင်းမဟုတ်ဘဲ ကုမ္ပဏီမှတ်ပုံတင်ဥပဒေအရ ပညာရေးဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီအဖြစ် မှတ်ပုံတင်၍ ဖွင့်လှစ်ခွင့်ပြုထားသည့် ကျောင်း များဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
နေပြည်တော်၌ ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒသမနေ့တွင် မင်းလှမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းအောင်စိုး မေးမြန်းသည့် မြန်မာနိုင်ငံတွင် ဖွင့်လှစ်သင် ကြားနေသော ပြည်တွင်းကျောင်းများ၊ ပြည်ပနိုင်ငံဆက်နွှယ်ကျောင်းများ စစ်မှန်မှုနှင့် ခွင့် ပြုသက်တမ်းရှိ၊ မရှိကို မည်သည့်ဌာနမှ စိစစ် ခွင့်ပြုပေးပါသနည်း၊ ကောလိပ်၊ စင်တာ၊ သင် တန်း၊ Training,Institute School, Programme ဘွဲ့ကြိုသင်တန်း စသည့်အဆင့်သတ်မှတ်ချက်များကို မည်သို့ထားရှိပါသနည်း၊ ကျောင်းအဆင့်အတန်းနှင့် ၎င်းတို့ပေးသော ဘွဲ့လက်မှတ်များ Certificate ၊ ဘွဲ့၊ ဒီပလိုမာများကိုလည်း မည်သည့်ဌာနမှ အဆင့်အတန်း ပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးပါသနည်း၊ ပြည်ပနိုင်ငံဆက်သွယ်ကျောင်းများမှ ပေးသောဘွဲ့ကို ၎င်းနိုင်ငံရှိ ပင်မကျောင်း၊ တက္ကသိုလ်ကောလိပ်များမှ အသိအမှတ်ပြုပေးခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို ပြည်ထောင်စုဝန်ကြီးက ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“လက်ရှိဖွင့်လှစ်ထားသော ပုဂ္ဂလိကသင်တန်းကျောင်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများနဲ့ ပြည်ပတက္ကသိုလ် (သို့) ပညာရေးဆိုင်ရာ အဖွဲ့အစည်းများဟာ ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေအရ ခွင့်ပြုထားခြင်းမျိုး မဟုတ်ဘဲ ကုမ္ပဏီမှတ်ပုံ တင်ဥပဒေနဲ့ နည်းဥပဒေအရ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှာ ပညာရေးဝန်ဆောင်မှု လုပ်ငန်းကုမ္ပဏီအဖြစ် မှတ်ပုံတင်၍ ဖွင့်လှစ်ခွင့် ပြုထားတဲ့ ကျောင်းများဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
ထိုသို့ ဖွင့်လှစ်ထားသည့် ကျောင်းများဖြစ်ပါက ပညာရေးဝန်ကြီးဌာနအနေဖြင့် ယင်းကျောင်းမှ ပေးအပ်နေသော ဒီပလိုမာ၊ ဒီဂရီ၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့လက်မှတ်များ၏ ခိုင်မာမှန်ကန်မှုနှင့် အရည်အသွေး ပြည့်မီမှုတို့ကို စိစစ်နိုင်ခြင်းမရှိကြောင်း ၎င်းက ပြောကြားသည်။
ဆက်လက်ပြီး ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်များတွင် ဖွင့်လှစ်သောသင်တန်းများနှင့် အခြားဝန်ကြီးဌာနများနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ သင်ကြားပေးအပ်နေသော ဒီပလိုမာ၊ ဒီဂရီ၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့လက်မှတ်များ၏ မှန်ကန်ခိုင်မာမှုနှင့် အရည်အသွေး ပြည့်မီမှုတို့နှင့်စပ်လျဉ်း၍ ဖွင့်လှစ်သည့်သင်တန်းများတွင် သင်ကြားမည့် သင်ရိုးမာတိကာ နှင့် သင်ရိုးညွှန်းတမ်းများကို သက်ဆိုင်ရာ တက္ကသိုလ်များမှ ပညာရေးအဖွဲ့၏ ထောက်ခံချက်၊ ဘာသာရပ်ဆိုင်ရာ သင်ကြားရေးအဖွဲ့ တို့၏ ထောက်ခံချက်များဖြင့် ပါမောက္ခချုပ်က တာဝန်ခံတင်ပြရပြီး အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီနှင့် အမျိုးသားအဆင့်အတန်းနှင့် အရည်အသွေး အာမခံအကဲဖြတ်ရေးကော်မတီတို့၏ သဘောတူညီမှုဖြင့် ဆုံးဖြတ်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
