ပရီးမီးယားလိဂ်က ပြီးခဲ့သည့် ၂၀၂၁- ၂၂ ရာသီအတွက် ကလပ်အသင်း ၂၀ ၏ ရုပ်သံဝင်ငွေများကို ထုတ်ပြန်ခဲ့ရာ ချန်ပီယံ မန်စီးတီးအသင်းက ပေါင် ၁၅၃ သန်းကျော် ဖြင့် ရုပ်သံဝင်ငွေ အများဆုံးရရှိခဲ့ပြီး အမှတ် ပေးဇယားအောက်ဆုံးမှ တန်းဆင်းခဲ့ရသည့် နောဝစ်ချ်အသင်းပင် ရုပ်သံဝင်ငွေ ပေါင်သန်း ၁၀၀ ကျော်ရရှိခဲ့ကြောင်း သိရှိရသည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံ ဆုအတွက် လီဗာပူးလ်အသင်းနှင့် နောက်ဆုံး အကြိမ်အထိ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရ သော်လည်း ချန်ပီယံဆုကို နောက်ဆုံးငါးနှစ် အတွင်း လေးကြိမ်အထိ ရယူနိုင်ခဲ့သည်။ မန် စီးတီးအသင်းအနေဖြင့် ယင်းကဲ့သို့ ပရီးမီး ယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ကြောင့် ရပ်တည်မှုအရ ဆုကြေး ပေါင် ၃၄ သန်းနီးပါးရရှိခဲ့ပြီး စုစုပေါင်း ရုပ်သံဝင်ငွေ ပေါင် ၁၅၃ သန်းကျော်ဖြင့် အများဆုံးဖြစ်ခဲ့ သည်။ ဒုတိယနေရာတွင် အမှတ်ပေးဇယား $ ဒုတိယရရှိသည့် လီဗာပူးလ်အသင်းက ရပ် တည်ခဲ့ပြီး စုစုပေါင်း ပေါင် ၁၅၁ သန်းကျော် ရရှိခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီ ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် မန်စီးတီးနှင့် လီဗာပူးလ်တို့ ယင်းကဲ့သို့ ရုပ်သံဝင်ငွေများစွာ ရရှိခဲ့သလို အမှတ်ပေးဇယားအောက်ဆုံးမှ တန်းဆင်း ခဲ့ရသည့် အသင်းမှာလည်း ပြိုင်ပွဲသမိုင်းတွင် ပထမဆုံးအကြိမ် ရုပ်သံဝင်ငွေ ပေါင်သန်း ၁၀၀ ကျော်ခဲ့ကြောင်း သိရှိရသည်။ နောဝစ်ချ် အသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီ တွင် ပရီးမီးယားလိဂ်$ ငါးပွဲသာ အနိုင်ရခဲ့ပြီး ၂၆ ပွဲအထိ ရှုံးနိမ့်ခဲ့ကာ ရမှတ် ၂၂ မှတ်ဖြင့် အမှတ်ပေးဇယားအောက်ဆုံးမှ တန်းဆင်း ခဲ့ရခြင်းဖြစ်သည်။ သို့သော် နောဝစ်ချ်အသင်း သည် ပရီးမီးယားလိဂ်ရုပ်သံဝင်ငွေ ပေါင်သန်း ၁၀၀ ကျော်ရရှိခဲ့ပြီး တခြားတန်းဆင်းခဲ့သည့် ဘန်လေနှင့် ဝက်ဖို့ဒ်အသင်းတို့မှာလည်း ရုပ် သံဝင်ငွေ အနည်းဆုံး ပေါင်သန်း ၁၀၀ ကျော် ရရှိခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီပရီးမီးယား လိဂ်တွင် ပြိုင်ပွဲကလပ်အသင်းများကု Equal Share အဖြစ် ပေါင် ၃၁ ဒသမ ၈ သန်းစီ အ ချိုးကျခွဲဝေပေးခဲ့ပြီး ပြည်တွင်းပြည်ပ ရုပ်သံ ထုတ်လွှင့်ရမှု၊ ပရီးမီးယားလိဂ် အဆင့်ရပ် တည်မှုများအလိုက် ရုပ်သံကြေး ကွာဟမှုများ ရရှိခဲ့သည်။ မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ရာသီက ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းကြောင့် အဆင့်လိုက်ရပ်တည်မှုမှ ပေါင် ၃၃ သန်း ရရှိ ခဲ့ပြီး ဇယားအောက်ဆုံးတွင် ရပ်တည်ခဲ့သည့် နောဝစ်ချ်အသင်းမှာမူ အဆင့်လိုက်ရပ်တည် မှုအတွက် ပေါင် ၁၆ သန်းကျော်သာ ရရှိခဲ့ ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ် ကလပ်အသင်း ၂၀ ၏ ရုပ်သံဝင်ငွေရရှိမှု
အသင်း ရုပ်သံဝင်ငွေ (ပေါင်)
မန်စီးတီး ၁၅၃၀၉၀၈၉၄
လီဗာပူးလ် ၁၅၁၈၇၁၄၈၀
ချယ်လ်ဆီး ၁၄၅၆၂၅၂၂၈
စပါး ၁၄၆၀၈၁၄၂၇
အာဆင်နယ်၁၄၅၆၉၉၈၂၀
မန်ယူ ၁၄၂၈၀၄၇၉၄
ဝက်စ်ဟမ်း ၁၃၆၅၅၈၅၄၂
လက်စတာ ၁၂၈၆၃၆၆၇၆
ဘရိုက်တန် ၁၂၅၇၄၁၆၅၀
ဝုလ်ဗ် ၁၂၄၅၂၂၂၃၆
နယူးကာဆယ် ၁၂၆၆၅၄၀၄၉
ခရစ္စတယ်ပဲလေ့စ် ၁၂၀၄၀၇၇၉၆
ဘရန့်ဖို့ဒ် ၁၁၈၃၅၀၅၇၆
အက်စတွန်ဗီလာ ၁၁၉၆၄၄၅၈၂
ဆောက်သမ်တန် ၁၁၀၈၈၄၉၁၀
အဲဗာတန် ၁၁၇၂၀၅၇၅၅
လိဒ်စ် ၁၁၅၁၄၈၅၃၅
ဘန်လေ ၁၀၄၇၁၃၂၅၀
ဝက်ဖို့ဒ် ၁၀၂၆၅၆၀၃၀
နောဝစ်ချ် ၁၀၀၅၉၈၈၁၀
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
