ဘက်တစ်ဝါရင့်တောင်ပံကစားသမား ယုုိကွင်းသည် လူဒိုဂိုရတ်စ်အသင်းအား အနိုင်ရသည့် ယူရိုပါလိဂ်အုပ်စုပွဲစဉ်တွင် ဂိုးသွင်းယူပြီးနောက် ပြိုင်ပွဲသမိုင်းတွင် အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၅ ရက်က ကစားခဲ့သည့် ယူရိုပါလိဂ်အုပ်စုပွဲစဉ် ဘက် တစ် (၃-၂) လူဒိုဂိုရတ်စ်ပွဲတွင် ယော်ကွင်းသည် ပွဲချိန် ၃၉ မိနစ်တွင် ဘက်တစ်အသင်းအတွက် ဒုတိယဂိုးကို သွင်းယူခဲ့ခြင်းဖြစ်သည်။
ယင်း ဂိုးသွင်းချိန်တွင် ယော်ကွင်း၏အသက်မှာ ၄၁ နှစ်၊ ၅၆ ရက် ရှိပြီဖြစ်ရာ ယူရိုပါလိဂ်ပြိုင်ပွဲ သမိုင်းတွင် အသက်အကြီးဆုံး ဂိုးသွင်းသူအ ဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
ယခင်က ယူရိုပါလိဂ်ပြိုင်ပွဲတွင် အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် မိုလ်ဒီဝါရင့်ကွင်းလယ်လူ ဟီစတက်ဒ်က ၂၀၁၅ ခုနှစ်တွင် ၄၀ နှစ်၊ ၉၈ ရက်ဖြင့် စံချိန်တင်ထားခဲ့ပြီး ယခု ယင်းစံချိန်ကို ယော်ကွင်းက ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
