အမေရိကန်ပုံစံအတိုင်း စီးရီးအေ All-Star ပွဲကစားရန်စဉ်းစားမည်ဟု ပြိုင်ပွဲဥက္ကဋ္ဌ လိုရန်ဇိုကာဆီနီပြောကြား
24htopnews | December 7, 2024 11:12 AM CST
စီးရီးအေပြိုင်ပွဲဥက္ကဋ္ဌ လိုရန်ဇိုကာဆီနီက အမေရိကန်တွင်ကျင်းပသည့် ပုံစံအတိုင်း စီးရီးအေ All-Star ပွဲစဉ် ယှဉ်ပြိုင်ကစားရန် စဉ်းစားသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းပိုင်ရှင်ဖြစ်သူ အမေရိကန်သူဌေး တော့ဒ်ဘိုလီက အင်္ဂလန်နိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ပရီးမီးယားလိဂ် ကလပ်များအား All-Star ပွဲစဉ် ယှဉ်ပြိုင် ကစားစေပါက ဝင်ငွေများစွာရရှိနိုင်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားထားသည်။
ယင်းစိတ်ကူးနှင့်ပတ်သက်၍ စီးရီးအေပြိုင်ပွဲ ဥက္ကဋ္ဌ ကာဆီနီက "စီးရီးအေရဲ့ All-Star ပွဲကစားမယ့် စိတ်ကူးကလည်း အာရုံစိုက်ခံရဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီပရောဂျက်ကို လေ့လာသွားပါမယ်။ ပြီးတော့ ကလပ်အသင်းတွေအတွက် အကျိုး၊
အပြစ်တွေအားလုံးကို တွက်ချက်သွားမှာပါ" ဟု ANSA သတင်းဌာနသို့ ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
