Top News

မြန်မာအမျိုးသမီးအသင်းယှဉ်ပြိုင်မည့် ၂၀၂၄ ပါရီအိုလံပစ် အာရှဇုန်ခြေစစ်ပွဲကျင်းပမည့်ကာလများ ထုတ်ပြန်
24htopnews | December 7, 2024 11:13 AM CST

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီးဘောလုံး အာရှဇုန်ခြေစစ်ပွဲကျင်းပမည့်ကာလများ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အာရှဇုန်ခြေစစ်ပွဲများကို ၂၀၂၃ ခုနှစ် အတွင်း အပြီးကျင်းပမည်ဖြစ်ပြီး အဆင့်သုံးခု ခွဲ၍ ကျင်းပမည်ဖြစ်သည်။ ပထမအဆင့်ခြေစစ်ပွဲကို ဧပြီ၊ ဒုတိယအဆင့်ခြေစစ်ပွဲကို အောက်တိုဘာနှင့် နောက်ဆုံးအဆင့်ခြေစစ်ပွဲကို နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် ကျင်းပမည်ဖြစ်သည်။ ပထမအဆင့်ခြေစစ်ပွဲကို ၂၀၂၃ ခုနှစ် ဧပြီ ၃ ရက်မှ ၁၁ ရက်၊ ဒုတိယအဆင့်ခြေစစ်ပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၃၁ ရက်၊ နောက်ဆုံးအဆင့်ခြေစစ်ပွဲကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ကျင်းပမည် ဖြစ်သည်။ 

အာရှဘောလုံးအဖွဲ့ချုပ်သည် ခြေစစ်ပွဲကျင်းပမည့် ကာလများကိုသာ ထုတ်ပြန်ထားပြီး ခြေစစ်ပွဲအဆင့်အလိုက် ယှဉ်ပြိုင်ရမည့်အသင်းများ၊ ခြေစစ်ပွဲကျင်းပမည့်ပုံစံများကို ပြန်လည်အတည်ပြုမည်ဖြစ်သည်။ မြန်မာအသင်းသည် လာမည့်ခြေစစ်ပွဲတွင် ပထမအဆင့်ခြေစစ်ပွဲမှ စတင်ယှဉ်ပြိုင်ရဖွယ်ရှိပြီး အာရှဇုန်တွင် အသင်းစုစုပေါင်း ၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ်ပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် တစ်ကြိမ်မျှ ဝင်ရောက်ယှဉ်ပြိုင်ဖူးခြင်းမရှိသေးဘဲ တတိယအဆင့်နှင့် နောက်ဆုံးအဆင့်ခြေစစ်ပွဲတို့မှ ထွက်ခဲ့ရသည်။

မြန်မာအမျိုးသမီးအသင်းသည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် တတိယအဆင့်ခြေစစ်ပွဲမှ ထွက်ခဲ့ရပြီး ပထမအဆင့်နှင့် ဒုတိယအဆင့်ခြေစစ်ပွဲ အောင်မြင်ခဲ့သော်လည်း တတိယအဆင့်ခြေစစ်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ပထမအဆင့် ခြေစစ်ပွဲနှင့် ဒုတိယအဆင့်ခြေစစ်ပွဲတွင် အုပ်စုပထမနေရာရရှိကာ နောက်တစ်ဆင့် တက်ရောက်ခဲ့သော်လည်း တတိယအဆင့် ခြေစစ်ပွဲတွင် တောင်ကိုရီးယားနှင့် ဗီယက်နမ်အသင်းကို အရေးနိမ့်ကာ ခြေစစ်ပွဲ မအောင်မြင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ၂၀၀၄ အေသင်အိုလံပစ်၊ ၂၀၀၈ ပေကျင်းအိုလံပစ်၊ ၂၀၁၂ လန်ဒန်အိုလံပစ်၊ ၂၀၁၆ ရီယိုအိုလံပစ်၊ ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲ ခြေစစ်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်တွင် နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ် ပြိုင်ရန်မရှိတော့ဘဲ လာမည့်နှစ်မှသာ ပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် လာမည့်နှစ်တွင် နိုင်ငံတကာပြိုင်ပွဲ သုံးခုနှင့်အထက် ယှဉ် ပြိုင်ရမည်ဖြစ်ပြီး ပါရီအိုလံပစ်ခြေစစ်ပွဲမှာ ၂၀၂၃ ခုနှစ်တွင် ပထမဆုံးယှဉ်ပြိုင်ရမည့်  နိုင်ငံတကာပြိုင်ပွဲဖြစ်လာဖွယ်ရှိနေသည်။ မြန်မာအမျိုးသမီးအသင်းသည် လာမည့်နှစ်အတွင်း အိုလံပစ်ခြေစစ်ပွဲယှဉ်ပြိုင်ပြီးပါက ၃၂ ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းစ်ပြိုင်ပွဲ၊ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။


READ NEXT
Cancel OK