Top News

ဘွန်ဒစ်လီဂါနှင့် NFL တို့ စျေးကွက်မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိ
24htopnews | December 7, 2024 11:13 AM CST

 

ဘွန်ဒစ်လီဂါပြိုင်ပွဲကျင်းပနေသည့် ဂျာမန်ဘောလုံးလိဂ် (DFL) နှင့် အမေရိကန်နိုင်ငံရှိ  NFL ပြိုင်ပွဲတို့ စျေးကွက်မြှင့်တင်ရေး အတွက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

DFL နှင့် NFL တို့ ပူးတွဲထုတ်ပြန်ချက်အရ ၎င်းတို့အနေဖြင့် စျေးကွက်နှင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ ရုပ်သံထုတ်လွှင့်မှု၊ ပရိုဂရမ်ရေးဆွဲမှု စသည့်အပိုင်းများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ယင်းသဘောတူညီမှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် နိုဝင်ဘာ ၁၃ ရက်တွင် ဂျာမနီနိုင်ငံ မြူးနစ်မြို့ရှိ ဘိုင်ယန်မြူးနစ်အသင်း၏ Allianz Arena ကွင်း၌  NFL ကလပ် တမ်ပါဘေး အသင်းနှင့် ဆီယက်တဲလ်ဆီးဟော့ခ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

ဂျာမနီနိုင်ငံ၌  NFL ပြိုင်ပွဲ၏ ပုံမှန်ရာသီပွဲစဉ် ကျင်းပခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လာမည့်လေးနှစ်အတွင်း မြူးနစ်နှင့် ဖရန့်ဖတ်မြို့၌ တစ်နှစ်လျှင် NFL ပုံမှန်ရာသီပွဲစဉ်တစ်ပွဲ လက်ခံကျင်းပရန် သဘောတူညီမှုရရှိထားကြောင်း သိရသည်။

DFL အနေဖြင့် ၂၀၁၈ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ရုံးခန်းဖွင့်လှစ်၍ စျေးကွက်မြှင့်တင်ရေးအတွက် လုပ်ဆောင်လျက်ရှိပြီး ဘွန်ဒစ်လီဂါအသင်းများမှာလည်း ရာသီကြိုကာလနှင့် ခေတ္တအနားပေးကာလများတွင် မြောက်အမေရိက၌ ခြေစမ်းပွဲများ ပုံမှန်သွားရောက်ကစားလျက်ရှိသည်။


READ NEXT
Cancel OK