Top News

ဆန်ချို ချန်လှပ်ခံရပြီး မက်ဂွိုင်းရားပါဝင်နေသည့် ဆောက်ဂိတ်၏ လူရွေးချယ်မှုကို ပရိသတ်များဝေဖန်
24htopnews | December 7, 2024 11:13 AM CST

 

UEFA Nations League  ပြိုင်ပွဲအတွက် အင်္ဂလန်အသင်း လူရွေးချယ်ရာတွင် ခြေစွမ်းပြကစားနေသည့် မန်ယူအသင်း တောင်ပံကစားသမား ဆန်ချို ချန်လှပ်ခံရပြီး ပွဲထွက်ကစားခွင့်ပင်မရသည့် နောက်ခံလူ မက်ဂွိုင်းရား ပါဝင်နေသောကြောင့် နည်းပြ ဆောက်ဂိတ်၏ ရွေးချယ်မှုကို ပရိသတ်များက ဝေဖန်လျက်ရှိကြောင်း သိရသည်။

ဆောက်ဂိတ်သည် လာမည့် စက်တင်ဘာ ၂၃ ရက်တွင် အီတလီအသင်းနှင့် အဝေးကွင်း၊ စက်တင်ဘာ ၂၆ ရက်တွင် ဂျာမနီအသင်းနှင့် အိမ်ကွင်းပွဲစဉ်အတွက် ကစားသမား ၂၈ ဦးစာရင်းကို ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ 

ယင်းစာရင်းတွင် မက်ဂွိုင်းရားနှင့်အတူ လုခ်ရှောကိုပါ ထည့်သွင်းရွေးချယ်ထားပြီး ဆန်ချိုနှင့် ရပ်ရှ်ဖို့ဒ်တို့ကိုမူ ထပ်မံချန်လှပ်ခဲ့သောကြောင့် ဝေဖန်မှုများ ထွက်ပေါ်နေခြင်းဖြစ်သည်။ 

"လုခ်ရှောနဲ့ မက်ဂွိုင်းရားက အင်္ဂလန်လူစာရင်းမှာပါလာတယ်။ ဒါပေမဲ့ ဆန်ချိုနဲ့ ရပ်ရှ်ဖို့ဒ်တော့ မပါလာဘူး။ အဆင်ပြေပါတယ်" ဟု လည်းကောင်း၊ "မက်ဂွိုင်းရားက ဘယ်လိုလုပ်ပြီး အင်္ဂလန်လူစာရင်းမှာ ပါလာတာလဲ" ဟုလည်းကောင်း ပရိသတ်များက Twitter တွင် ရေးသားဝေဖန်လျက်ရှိသည်။

ဘရန့်ဖို့ဒ်အသင်းအတွက် ခြေစွမ်းပြနေသည့် တိုက်စစ်မှူး အီဗန်တိုနေးမှာ အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။


READ NEXT
Cancel OK