မန်စီးတီးတိုက်စစ်မှူး ဟော်လန်းက ပွဲ အတွင်း ဘောလုံးထိချက်နည်းပါးမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများကို ဂရုမစိုက်ကြောင်း နှင့် မိမိလုပ်ရမည့်အလုပ်ကို မိမိသိရှိကြောင်း ပြောကြားခဲ့သည်။
အသက် ၂၂ နှစ်အရွယ်ရှိ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်အသင်းမှ မန်စီးတီးအသင်းထံသို့ ပေါင် ၅၁ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် မန်စီးတီးအသင်းတွင် စံချိန်တင်ဂိုးများ သွင်းယူနေသော်လည်း ပွဲအတွင်း ပါဝင်ပတ်သက်မှု၊ ဘောလုံးထိချက် နည်းပါးမှုနှင့်ပတ်သက်ပြီး ၎င်း၏ကစားပုံကို ထောက် ပြဝေဖန်မှုများလည်း ရှိနေသည်။
ထို့ကြောင့် ဟော်လန်းက "လူတွေကတော့ ကျွန်တော့်အနေနဲ့ ဘောလုံးထိချက်နည်းတယ်။ အသင်းရဲ့ကစားကွက်မှာ ပါဝင်ပတ်သက်မှု အားနည်းတယ်ဆိုပြီး ပြောနေကြပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော် ဘာလုပ်ရမယ်၊ ဘာလုပ်နိုင်တယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ကျွန်တော့်ရဲ့အိပ်မက်က ဘောလုံးထိချက် ငါးချက်ကနေ ငါးဂိုးရဖို့ပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
