အူဒီးနီးစ် - အင်တာမီလန် (တနင်္ဂနွေညနေ ၅း၀၀ နာရီ)
ဒီရာသီ အူဒီးနီးစ်ရဲ့ ခြေစွမ်းက အံ့အားသင့်စရာကောင်း လောက်အောင် ကောင်းမွန်နေတယ်။ နောက်ဆုံး (၄)ပွဲဆက် အနိုင်ရထားပြီး ဘီတို၊ ပယ်ရေရာတို့လို ကစားသမားတွေ အ ကောင်းဆုံးပုံစံပြနေပါတယ်။ အင်တာမီလန်ကတော့ စီးရီးအေ အဝေးကွင်း နောက်ဆုံး (၂)ပွဲဆက်ရှုံးထားပြီး ပွဲပန်းဒဏ်လည်း ခံနေရတယ်။ ဒါပေမဲ့ ဒီပွဲတော့ အင်တာမီလန် ပြန်လာသင့်ပါပြီ။ အင်တာမီလန်ကို ကြိုက်ပါတယ်။
ခရီမိုနီဆီ - လာဇီယို (တနင်္ဂနွေည ရး၃၀ နာရီ)
ခရီမိုနီဆီက နိုင်ပွဲမရသေးပေမဲ့ တစ်ပွဲထက် တစ်ပွဲ ကစား ပုံပိုကောင်းလာတဲ့အသင်းပါ။ လာဇီယိုက ပြီးခဲ့တဲ့ပွဲမှာ နိုင်ပွဲပြန် ယူနိုင်ခဲ့ပြီး အီမိုဘီလီကလည်း သွင်းဂိုးတွေအတွက် အသင့်ရှိ နေဆဲပါပဲ။ ဒါပေမဲ့ ဖောင်ဖျက်လာမဲ့ အိမ်ရှင်ကြောင့် လာဇီယို ခက်ခဲနိုင်ပါတယ်။ အိမ်ရှင်ကို အရဲစွန့်ရွေးချယ်ချင်ပါတယ်။
ဖီအိုရင်တီးနား - ဗီရိုနာ (တနင်္ဂနွေည ရး၃၀ နာရီ)
ဒီနှစ်သင်းနောက်ဆုံးတွေ့ဆုံတဲ့ စီးရီးအေ (၆)ပွဲမှာ (၄) ပွဲသရေကျခဲ့ပြီး (၁)ပွဲစီ နိုင်ခဲ့ကြတယ်။ ဖီအိုရင်တီးနားက နောက် ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး ခြေစွမ်းပိုင်းကျဆင်းနေ တယ်။ ဒါပေမဲ့ ဗီရိုနာခြေမမှန်သေးတာကြောင့် ဖီအိုရင်တီးနား အသင်း နိုင်ပွဲပြန်ရှာနိုင်ပါလိမ့်မယ်။
မွန်ဇာ - ဂျူဗင်တပ်စ် (တနင်္ဂနွေည ရး၃၀ နာရီ)
ဂျူဗင်တပ်စ်က သရေပွဲတွေများနေပြီး ချန်ပီယံလိဂ်နဲ့ စီး ရီးအေပြိုင်ပွဲနှစ်ရပ်အကြား ဗျာများနေတယ်လို့ ဆိုရမယ်။ နိုင် သင့်တဲ့ပွဲတွေကို အနိုင်မကစားနိုင်ခဲ့ဘဲ ရမှတ်လေလွင့်မှုတွေ ရှိခဲ့တယ်။ ဒါ့အပြင် ဆလာနီတာနာနဲ့ပွဲမှာ အနီကတ်ပြသခံခဲ့ရ တဲ့ ကွာဒရာဒို ဒီပွဲကို လွဲချော်မှာဖြစ်လို့လည်း ဂျူဗင်တပ်စ်အသင်း အားနည်းသွားနိုင်တယ်။ မွန်ဇာကလည်း အတော့်ကို ညံ့တဲ့အ သင်းပါ။ အားနည်းချက်တွေ များလွန်းတယ်။ အဝေးကွင်းဖြစ်ပေ မဲ့ ဂျူဗင်တပ်စ်နိုင်ပွဲပြန်ရပါလိမ့်မယ်။
ရိုးမား - အတ္တလန်တာ (တနင်္ဂနွေည ၁၀း၃၀ နာရီ)
မော်ရင်ဟိုရဲ့ ရိုးမားက အူဒီးနီးစ်ကို ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲကလွဲလို့ ကျန်ပွဲတွေမှာ အမှားအ ယွင်းမရှိခဲ့ပါဘူး။ ဒီဘားလား၊ အေဘရာဟမ်တို့ရဲ့ တိုက်စစ်ကစားဟန်ကလည်း ပိုအသား ကျလာဖို့ ရှိတယ်။ အတ္တလန်တာကလည်း ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းလာတဲ့ အသင်း ပါ။ ဒါပေမဲ့ ရောမမှာ မော်ရင်ဟိုရဲ့ အသင်းကို အနိုင်ကစားဖို့တော့ လွယ်မှာမဟုတ်ဘူး။ ရိုး မားကိုပဲ ကြိုက်ပါတယ်။
အေစီမီလန် - နာပိုလီ (တနင်္လာနံနက် ၁း၁၅ နာရီ)
လက်ရှိချန်ပီယံ အေစီမီလန်က အဝေးကွင်းထက် အိမ်ကွင်းဆို ကစားပုံပိုကောင်းပြီး နိုင်ပွဲတွေလည်း ရယူနေတယ်။ ပြီးခဲ့ တဲ့ ဆမ်ဒိုးရီးယားနဲ့ပွဲမှာလည်း ဒုတိယပိုင်းတစ်ပိုင်းလုံးလိုလို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမဲ့ အေစီမီလန်အသင်း နိုင်ပွဲရယူနိုင် ခဲ့တယ်။ ဝါရင့်တိုက်စစ်မှူး ဂျရူးက တိုက်စစ်ကို ဦးဆောင်နိုင်ဆဲဖြစ်ပြီး အသင်းရဲ့ Rhythm ကလည်း တကယ်ကို အားရဖို့ကောင်းပါ တယ်။ နာပိုလီမှာကလည်း အိုဆင်မန်၊ ခွာရတ်စကယ်လီယာတို့လိုကစားသမားတွေ ခြေစွမ်းပြနေပြီး လိုဇာနို၊ ဇီလင်စကီး၊ ပိုလီတာနိုတို့လို ကြယ်ပွင့်တွေကိုလည်း ပိုင်ဆိုင်ထားတယ်။ သရေကျဖို့များပြီး နှစ်သင်းပေါင်းသွင်းဂိုးများနိုင်ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
