ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းတွင် မိုးစပါးများအား နိုဝင်ဘာလလယ်ခန့်မှ စတင် ရိတ်သိမ်းလျက်ရှိရာ လတ်တလောတွင် မိုးစပါးများ အပြိုင်အဆိုင်ရိတ်သိမ်းနေပြီး မြို့ နယ်အချို့၌ စပါးစျေး (ကြမ်းခင်းစျေး) ကျပ် ငါးသိန်းအောက်တွင်သာ ရောင်းနေရသဖြင့် အကျိုးအမြတ်ရရှိမှု နည်းပါးနေကြောင်း မိုးစပါးစိုက် တောင်သူများက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းတွင် မိုး စပါးများကို အောက်တိုဘာလကုန်ဝန်းကျင် ခန့်မှစတင်၍ ရိတ်သိမ်းနေပြီး စပါးပေါ်ခါစတွင် တင်းတစ်ရာလျှင် ကျပ်ခြောက်သိန်းဝန်းကျင်ခန့် ရရှိခဲ့သော်လည်း နိုဝင်ဘာလအတွင်း စပါးစျေးကျဆင်းလာကာ နိုဝင်ဘာလ ဒုတိယအပတ်တွင် စပါးတင်း ၁ဝဝလျှင် ကျပ်ငါးသိန်းအောက်အထိ ကျဆင်းလာကာ လတ်တလောတွင် ကျပ်လေးသိန်းရှစ်သောင်း၊ လေးသိန်းခြောက်သောင်း ပတ်ဝန်းကျင်တွင်သာ အရောင်းအဝယ် ဖြစ်နေသောကြောင့် တွက်ခြေကိုက်မှု နည်းပါးနေခြင်းဖြစ်ကြောင်း မိုးစပါးစိုက်တောင်သူများက ပြောကြားသည်။
စပါးစျေးအခြေအနေနှင့် ပတ်သက်ပြီး ညောင်လေးပင်မြို့နယ် ဆုံကွဲရွာမှ မိုးစပါးစိုက်တောင်သူ ဦးအောင်ဘုက “ကျုပ်တို့ တောင် သူတွေ စပါးဖြိုင်ဖြိုင်မပေါ်ခင်တုန်းက ကြမ်းခင်းစျေး ငါးသိန်းဆိုပြီးတော့ မီဒီယာ တွေမှာ သတင်းတွေမှာ ဒီအတိုင်း ကြေညာ တယ်။ ငါးသိန်းထက် လျှော့မဝယ်ရဘူးလို့ ကြေညာတယ်။ နိုင်ငံတော်သတင်းက အဲဒီ အချိန်မှာ စောစောလေးပေါ်တဲ့လူကတော့ မူဆယ်လမ်းပွင့်နေတော့ ငါးသိန်းနဲ့ရှစ် သောင်းကနေပြီးတော့ ခြောက်သိန်းနှစ် သောင်းအထိ ရောင်းလိုက်ရတယ်။ ကျွန် တော်တို့ပြည်သူတွေ တော်တော်လေးအား တက်ရတယ်။ ဒါပေမဲ့ တကယ့် တကယ်လည်း စပါးလည်းဖြိုင်ဖြိုင်ပေါ်ရော အဲဒီမူဆယ် လမ်းကို ပိတ်လိုက်တဲ့အတွက်ကြောင့်တဲ့။ စပါးစျေးကို ကုန်သည်ကြီးများ လျှော့ပြီးတော့ ဝယ်တာ ငါးသိန်းအောက်ကို လေးသိန်းရှစ် သောင်း။ ယနေ့ လေးသိန်း ခြောက်သောင်းနဲ့ ကျုပ်တို့ညောင်လေးပင်မြို့ နယ်မှာ အဲဒီလို ဝယ်နေပါတယ်” ဟု ပြောကြားသည်။
ပြီးခဲ့သည့် မတ်လဝန်းကျင်ခန့်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်ဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများက စပါး ၄၆ ပေါင်၊ တင်း ၁၀၀ ကို ကြမ်းခင်းစျေး ကျပ်ငါးသိန်းနှုန်းဖြင့် ဝယ်ယူရန် သတ်မှတ်ခဲ့ ကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး သတ်မှတ် သည့် စပါးစျေးမှာ ဧည့်မထ၊ ဇီယာ စသော အခြေခံစပါးမျိုးများအပေါ်တွင်သာ သတ် မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ် ကြူချောင်းရွာမှ မိုးစပါးစိုက်တောင်သူ ဦးတင်စိုးကလည်း “နိုင်ငံတော်က သတ်မှတ်ထားတဲ့စျေးနှုန်း လေးပေါ့နော်။ ငါးသိန်းနှုန်းက အောက်မကျ ရင် ဝမ်းသာပါတယ်။ အခု ၄၇ ၊ ၄၈ ဆိုတော့ ကျွန်တော်တို့အနေနဲ့ အတော်ခံစားရတယ်။ သူတို့က စပါးကောင်းတဲ့လူလည်း ဒီစျေးပဲ။ မကောင်းတဲ့လူလည်း ဒီစျေးပဲဆိုတော့ ကျွန် တော်တို့အနေနဲ့က မျှတမှုမရှိဘူးလို့ အောက် မေ့တယ်။ အဲဒီတော့ မျှတမှုရှိအောင် နိုင်ငံ တော်ကနေပြီးတော့လည်း သူရဲ့စပါးစျေး ငါး သိန်းအောက်မကျအောင် သတ်မှတ်ပေးဖို့ ဒါလေးကို ပြောချင်တယ်။ နိုင်ငံတော်က သတ် မှတ်ပေးထားတာ ငါးသိန်းဆိုလို့ ကျွန်တော်တို့ အနေနဲ့ တအားဝမ်းသာတာ။ ဝမ်းသာလို့ လည်း ဒီလယ်ကိုပဲလုပ်ခဲ့တာ။ စပါးထွက်လာ ပြန်တော့လည်း စပါးကထွက်ပါရဲ့။ စျေးနှုန်း က မကောင်းတော့ ကျွန်တော်တို့တောင်သူ တွေအနေနဲ့ အများကြီးနစ်နာပါတယ်။ ဒါ ကြောင့်မို့လို့ နိုင်ငံတော်အနေနဲ့ ဒီသတ်မှတ် ထားတဲ့စျေးနှုန်းအတိုင်းလေး ဖြစ်အောင် လုပ်ပေးပါလို့ တင်ပြအပ်ပါတယ်” ဟု ပြော ကြားသည်။
ပဲခူးတိုင်းဒေသကြီး အတွင်း၌ ယခုနှစ် မိုးစပါးစိုက်ရာသီကာလတွင် မြစ်ရေကြီးခြင်း၊ ဆွာတမံမှ ရေပိုလွှဲ လက်တံမြောင်းပဲ့ကျ၍ ဆည်ရေတိုးခြင်းများကြောင့် မိုးစပါးစိုက် ဧကသိန်းဂဏန်းကျော်အထိ ပျက်စီးဆုံးရှုံးမှု များကြုံတွေ့ခဲ့ရသည်။ ပထမအကြိမ်အဖြစ် ဇူလိုင်၂၃ ရက်မှစတင်၍ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်ရေများ ကြီးခြင်းများကြောင့် ပဲခူးခရိုင်အတွင်းရှိ ကျေးရွာအုပ်စု ပေါင်း ၃၁၅ အုပ်စုမှ တောင်သူ ၄၈၇၀၁ ဦး တို့၏ မိုးစပါးစိုက်ဧကပေါင်း ၃၀၀၁၁၇ ဧက၊ တောင်ငူခရိုင်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၁၂၀ အုပ်စုမှ တောင်သူပေါင်း၁၉၈၄၇ ဦး တို့၏ မိုးစပါးစိုက်ဧက ၈၈၉၆၅ ဧက၊ ပြည် ခရိုင်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၉၂ အုပ် စုမှ တောင်သူပေါင်း ၁၆၈၄၄ ဦးတို့၏မိုးစပါး စိုက်ဧကပေါင်း ၅၅၉၆၉ ဧကနှင့် သာယာဝတီ ခရိုင်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၈၆ အုပ်စုမှ တောင်သူပေါင်း ၁၂၂၆၅ ဦးတို့၏ မိုးစပါးစိုက်ဧက ၄၉၆၃၀ ဧကတို့အား ရေဝင် နစ်မြုပ်မှုခံခဲ့ရကာ ပဲခူးတိုင်းဒေသကြီးတစ်ခု လုံးမှ စုစုပေါင်း မိုးစပါးစိုက်ဧက ၄၉၄၆၃၁ ဧက (ငါးသိန်းနီးပါး) အထိ ရေလွှမ်းမိုးခံခဲ့ရပြီး ထိခိုက်ပျက်စီးဧက နှစ်သိန်းကျော်အထိ ရှိခဲ့ ကြောင်းသိရသည်။
ဒုတိယအကြိမ်အဖြစ် သြဂုတ် ၂၉ ရက် နံနက်ပိုင်းက ဆွာတမံမှ ရေပိုလွှဲ လက်တံမြောင်း နံရံပြိုကျ၍ တောင်ငူခရိုင်အတွင်း ရေကြီးလွှမ်းမိုးမှုထပ်မံဖြစ်ပွားခဲ့ရာ မိုးစပါး စိုက်ဧက တစ်သိန်းခွဲကျော် ရေဝင်နစ်မြုပ်ခံ ခဲ့ရပြီး မိုးစပါးစိုက်ဧက ၄၀၀၀၀ ကျော်အထိ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
မြစ်ရေကြီးခြင်းများကြောင့် ထိခိုက်ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများအား ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့က မျိုးစပါးများအား ထောက်ပံ့ပေးခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
