အောင်မြင်ကျော်ကြားသည့် Game of Thrones ဇာတ်လမ်းတွဲ၏ နောက်ဆုံး Season ကို ၂၀၁၉ ခုနှစ်ဧပြီတွင် ထုတ်လွှင့် မည်ဟု HBO ရုပ်သံက နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် Season များမှ ဇာတ်ဝင်ခန်းများပါဝင်သည့် ကြော်ငြာတစ်ခုကိုလည်း HBO ရုပ်သံက ထုတ်လွှင့်ပေးခဲ့ သည်။ ထုတ်လွှင့်မည့်ရက် အတိအကျကိုမူ HBO က မထုတ်ပြန်ခဲ့ပေ။
ဇာတ်သိမ်းပိုင်းဖြစ်သည့် Season 8 တွင် အပိုင်းခြောက်ပိုင်း ပါဝင်မည်ဖြစ်ပြီး တစ်ပိုင်းလျှင် မိနစ် ၆၀ ကျော်ကြာမည်ဟု HBO က ထုတ်ပြန်ခဲ့သည်။ Season 1 မှ Season 6 အထိ အပိုင်း ၁၀ ပိုင်းစီ ပါဝင်ခဲ့ ပြီး၂၀၁၇ ခုနှစ်က ထုတ်လွှင့်ခဲ့သည့် Season 7 တွင်သာ အပိုင်းခုနစ်ပိုင်း ပါဝင်ခဲ့သည်။
Season 8 တွင် Peter Dinklage၊ Nikolaj Coster-Waldau၊ Lena Heade ၊ အမ်မီလီယာကလက်၊ ကစ်ဟာရင်တန်၊ ဆိုဖီတန်နာ၊ မက်ဆီဝီလျံ၊ အယ်လ်ဖီးအယ်လန်တို့က အဓိကဇာတ်ကောင်များအဖြစ် ပြန်လည် ပါဝင်မည်ဖြစ်သည်။
ဂျော့ချ်အာအာမာတင်၏ A Song of Ice and Fire ဝတ္ထုတွဲကို အခြေပြုရိုက်ကူးထားသည့် ယင်းဇာတ်လမ်းတွဲသည် HBO ရုပ်သံ၏ အောင်မြင်မှုအရှိဆုံး ရုပ်သံဇာတ်လမ်းများထဲမှ တစ်ခုဖြစ်သည်။ ၂၀၁၇ ခုနှစ် က ထုတ်လွှင့်ခဲ့သည့် Season 7 သည် ကြည့်ရှုမှုနှုန်း သန်း ၃၀ ခန့် ရရှိခဲ့သည်။
ခုနစ်ပြည်ထောင်၏ Iron Throne အတွက် အာဏာပြိုင်ဆိုင်မှုများကို အဓိကထား ရိုက်ကူးထားသည့် စိတ်ကူးယဉ်ဇာတ်လမ်းတွဲ Game of Thrones သည် Emmy ဆု များစွာရရှိထားသည့် ဇာတ်လမ်းတွဲလည်း ဖြစ်သည်။
HBO ရုပ်သံသည် Game of Thrones ဇာတ်လမ်းတွဲမတိုင်မီကာလကို အခြေပြု ပြီး ဇာတ်လမ်းတွဲ ရိုက်ကူးရိုက်ကူးရန်လည်း စီစဉ်နေသည်။ ယင်းဇာတ်လမ်းတွဲတွင် နာအိုမီဝပ် ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
