MoU ကိုခုတုံးလုပ်ပြီး ထိုင်းနိုင်ငံသို့ ပွဲစား၏လိမ်လည်ပို့ဆောင် လူကုန်ကူးခြင်းခံရသော မြန်မာအလုပ်သမား ၃၄ ဦးသည် နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၃နာရီခွဲက မြဝတီမြို့ရှိပြန်လည်ကြိုဆိုရေးစခန်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများအား ပွဲစား အောင်အောင်ဆိုသူ က MoU လုပ်သား အဖြစ် တရားဝင်ပို့ဆောင်မည်ဟုဆိုကာ တစ်ဦးလျှင် ကျပ်ခုနစ်သိန်းခွဲနှင့် ထိုင်းဘတ်ငွေ ၂၀၀၀ ဘတ်စီ ယူဆောင်ခဲ့ကြောင်း၊ စုစုပေါင်း မြန်မာလုပ်သား ၆၈ ဦး သွားရောက်ခဲ့ကြောင်း နေရပ် ပြန်ရောက်လာသူတစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့အားလုံး ၆၈ ဦးပါ။အောက်တိုဘာ ၃၁ ရက်က မြိတ်၊ ကော့သောင်းလမ်းဘက်ကနေ ထိုင်းနိုင်ငံထဲဝင် ရောက်ခဲ့ကြပြီး ၃ ရက်နေ့မှာ မဟာချိုင်ရှိ ပလတ်စတစ်စက်ရုံကို ရောက်ရှိခဲ့ကြပါတယ်။ အဲဒီလိုရောက်ရှိပြီးတစ်ညပဲ အိပ်ရတယ်။ မနက်မိုးမလင်းခင် ပုလိပ်တွေလာလို့ ထွက်ပြေးခိုင်းလို့ ပြေးခဲ့ရပါတယ်” ဟု ပြောကြားသည်။
ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်ခြင်းမှန်းမသိသော မြန်မာလုပ်သား ၆၈ ဦး အနက် ၂၁ ဦး ဖမ်းဆီးခံရကာ ၁၃ ဦးမှာ နေရပ်သို့ပြန်ရောက်သွာပြီး ယခုပြန်ရောက်လာသူများကို မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများကွန်ရက်အဖွဲ့တို့ ပူးပေါင်းကယ်တင်ခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာရခြင်းဖြစ်သည်ဟုဆိုသည်။
“ကျွန်တော်တို့အဖွဲ့ထဲက ၂၁ ဦးဖမ်းမိသွားတယ်။ ကျွန်တော်တို့က ကံကောင်းထောက်မစွာနဲ့ မဟာချိုင်အခြေစိုက်ရွှေ့ပြောင်း အလုပ်သမားများအရေးကွန်ရက်က ဦးဇော်တို့နဲ့ဆက်သွယ်မိကြပြီး မြန်မာသံရုံးကို အကြောင်းကြားနိုင်ခဲ့သလို သံအရာရှိ ဦးစန်းမောင်ဦးတို့ စီစဉ်မှုနဲ့ ဒီနေ့မှာ မြဝတီ ပြန်လည်ကြိုဆိုရေးစခန်းကို ရောက်ရှိခဲ့တာပါ” ဟု ပြန်လည်ရောက်ရှိလာသူ ပေါင်မြို့နယ် သဲကုန်းရွာမှ ကိုသန်းနိုင်က ပြောကြားသည်။
မြန်မာလုပ်သားများသည် ပွဲစား အောင်အောင်ဆိုသူကိုကျပ်ငွေ ၇၅၀၀၀၀ ပေးရပြီး ဘတ်ငွေ ၂၀၀၀ ထပ်ပေးရကြောင်း သိရသည်။ ပွဲစားဆိုသူက MoU လုပ်သားအဖြစ် ပို့ပေးမည်ဟုပြောပြီး အထောက် အထားမပြည့်စုံဘဲ မြိတ်၊ ကော့သောင်းလမ်းမှ တရားမဝင်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာအလုပ်သမားများအား မြဝတီမြို့သို့ လိုက်ပါပို့ဆောင်ခဲ့သူ အလုပ်သမားသံအရာရှိ ဦးအောင်မင်း (မဲဆောက်)က“သူတို့ ကထိုင်းနိုင်ငံအတွင်းမှာ ဘာအထောက်အထားမှမပါဘဲ တရားမဝင်ရောက်လာကြ တဲ့အတွက် ထိုင်းဥပဒေအရ ထောင်ဒဏ်ခြောက်လအထိ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးကွန်ရက်က ဦးဇော်တို့နဲ့ချိတ်မိပြီး ကျွန်တော်တို့ဆီ အကြောင်းကြားခဲ့လို့ ကျွန်တော်တို့ လက်ဦးမှုရယူပြီး ကူညီနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့မှ ကျွန်တော်တို့အနေနဲ့ထိုင်းဘက်က အာဏာပိုင်တွေနဲ့ဆက်သွယ်ပြီး ခေါ်ယူလာတဲ့ပွဲစားကို အရေးယူဆောင်ရွက်နိုင်ဖို့နဲ့ အလုပ်သမားတွေရဲ့ နစ်နာမှုတွေပြန်လည် ရရှိဖို့အပြင် သူတို့ရဲ့နေရပ်ဒေသကို ချောမောစွာ ပြန်လည်ရောက်ရှိဖို့ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာပါ” ဟု ပြောကြားသည်။
မြဝတီ ပြန်လည်ကြိုဆိုရေးစခန်းသို့ ရောက်ရှိလာသော မြန်မာအလုပ်သမားများမှာ ထိုင်း-မြန်မာနယ်စပ် မြိတ်၊ ကော့သောင်းဘက်မှ တရားမဝင်ခေါ်ဆောင်သွားခြင်းခံရသူများဖြစ်ပြီး အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၃၄ ဦးဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
