Top News

တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲညတွင် မီးပုံးပျံ ပျက်ကျသဖြင့် လူကိုးဦး ထိခိုက်ဒဏ်ရာရ
24htopnews | December 7, 2024 12:12 PM CST

တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံ  ပွဲတော် ဖွင့်ပွဲညတွင် မီးပုံးပျံပျက်ကျမှုဖြစ်ခဲ့သဖြင့် လူကိုးဦး ထိခိုက် ဒဏ်ရာရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံ ဖွင့်ပွဲကို နိုဝင်ဘာ ၁၄ ရက် ညနေ ၆ နာရီတွင်   စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိ ရသည်။ ဖွင့်ပွဲတွင် တိုင်းရင်းသား အကအလှ များဖြင့် ဖျော်ဖြေခြင်း၊ ရှမ်းပြည်နယ် ယဉ် ကျေးမှုအဖွဲ့က သိုင်းအက၊ တိုးနယားအက၊ ကိန္နရီ ကိန္နရာအက၊ ဒေါင်းမြီးအကတို့ဖြင့် ဖျော်ဖြေခြင်း၊ ရှမ်းပြည်နယ် ယဉ်ကျေးမှု အကအဖွဲ့များက အဆိုတော် ဒီနေးရှင်း၏ ကမ္ဘာကျော်တဲ့ပွဲသီချင်းဖြင့် ကပြဖျော်ဖြေ ခြင်း၊ မီးရှူးမီးပန်း ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့သည်။ ထို့ပြင် စိန်နားပန်နှစ်လုံးနှင့် မီးပုံးပျံငယ် ၄၅၀၀ ကိုလည်း လွှတ်တင်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲတွင် စိန်နားပန်လေးလုံး လွှတ်တင်ပြီးနောက် ညမီးကြီး သုံးလုံးမြောက် လွှတ်တင်ခဲ့သည့် မီးပုံးပျံဖြစ်သော ဓာတ်ခဲ မီးလွှတ်တင်ရာတွင် ကိုက် ၁၀၀ ခန့်အရောက် ကောင်းကင်ပေါ်မှ ပျက်ကျခဲ့သဖြင့် ကွင်းထဲ ရှိလူများထိခိုက်ခဲ့ရာ ကိုးဦး ယမ်းထိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရကြောင်း ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်ခဲမီးသည် ကောင်းကင်ပေါ်သို့ တက်သွားပြီး ကိုက် ၁၀၀ ခန့်တွင် မီးပုံးပျံ အောက်ခြေ ဘေးဖက်ဒွါရပေါက်မှ မီးလောင်ပေါက်ကွဲ၍ ပျက်ကျခဲ့ပြီး ကွင်းထဲတွင် ယမ်းများ ပေါက်ကွဲခဲ့သဖြင့် ကြည့်ရှုနေကြသော ပရိသတ်များကို ယမ်းများ ထိမှန်ခဲ့ရပြီး လူကိုး ဦးထိမှန်ခဲ့ကာ တစ်ဦးသည် ထိခိုက်မှုများ ပြားသဖြင့် စိုးရိမ်ရကြောင်း၊ စိုးရိမ်ရသူမှာ မျက်နှာနှင့် ခြေလက်များ တစ်ကိုယ်လုံးနီးပါး ထိခိုက်ခဲ့သဖြင့် တောင်ကြီး စဝ်စံထွန်းဆေးရုံ  သို့ တင်ပို့လိုက်ရကြောင်း ကြက်ခြေနီတပ်ဖွဲ့ ထံမှ သိရသည်။

နိုဝင်ဘာ ၁၄ ရက် ကွင်းဖွင့်ပွဲတွင် စိန် နားပန်လေးလုံးနှင့် ညမီးကြီးရှစ်လုံး  စုစုပေါင်း ၁၂ လုံး လွှတ်တင်သွားမည်ဟု သိရ သည်။  ဖွင့်ပွဲည ၁၁ နာရီ ၅၅ မိနစ်တွင် လွှတ်တင်သော မီးပုံးပျံတစ်လုံးမှာလည်း ရာသီဥ တုဆိုးရွားကာမိုးရွာသ ဖြင့်  အပေါ်ရောက်ပြီး ပျက်ကျခဲ့ကြောင်း၊ ပျက်ကျသည့် မီးပုံးပျံမှာ တောထဲသို့ကျသွားပြီး လူသူ ထိခိုက်မှု မရှိကြောင်း သိရသည်။


READ NEXT
Cancel OK