သမိုင်းဝင် မော်လမြိုင် ကျိုက်သလ္လံစေတီတော် ကမ်းထိန်းပြိုကျမှု ပြင်ဆင်ရန်အတွက် လုပ်ငန်းတင်ဒါ ခေါ်ယူထားပြီး ရရှိသည့် အလှူငွေဖြင့် ပွင့်လင်းရာသီ ၂၀၁၈ ခုနှစ်အကုန် ၂၀၁၉ ခုနှစ် နှစ်ဦးတွင် ပြင်ဆင်မှု စတင်မည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။
“ကျွန်တော်တို့ ဒီဘုရားကြီး ပြုပြင်ဖို့အတွက် ဒီပွင့်လင်းရာသီလည်း ရောက်ပြီ၊ ဘုရားကြီးပြင်ဖို့အတွက် စပြီးတင်ဒါခေါ်ပြီ။ တင်ဒါကို နိုဝင်ဘာ ၈ ရက်ကနေ ၃၀ ရက်အထိ သတင်းစာထဲမှာ ကြေညာထားပါတယ်။ အဓိက စတင်ပြင်ဆင်မယ့် ဒီဇိုင်းထဲမှာ Soil Nailing၊ Ground Anchor၊ Ration Wall Desine တို့ အဲဒီအပိုင်းကို ဒီဇိုင်းထုတ်ထား ပြီးပါပြီ။ ဒီဇိုင်းကို လျှောက်တဲ့ကုမ္ပဏီကို ပေးမယ်။ အဲဒီအတိုင်း သူတို့ပြန်ပြီး တင်ရမယ်။ နည်းပညာပိုင်းဆိုင်ရာ စံချိန်စံညွှန်းတွေကို ထုတ်ပေးပါမယ်။ အဲဒီအတိုင်း တင်ဒါလျှောက်တဲ့ ကုမ္ပဏီကဆွဲပြီး တင်ဒါတင်ဖို့ပါ။ ဘုရားပြင်ဖို့ အလှူငွေက ဒီနေ့ (နိုဝင်ဘာ ၁၄) အထိ ကျပ် ၇၅၄၈ သိန်း ပတ်ဝန်းကျင် ရှိပါတယ်။ ကျန်တာ အစိုးရအဖွဲ့အနေနဲ့ ပြင်ရင်းနဲ့ စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။
၎င်းကဆက်လက် ပြောကြားရာတွင် “တင်ဒါရောင်းချရက် နောက်ဆုံး နိုဝင်ဘာ ၃၀ ရက်ဖြစ်တယ်။ တင်ဒါဖွင့်မယ့်ရက်ကို ပြန်ပြီး ကြေညာပေးပါ့မယ်။ ပြင်ဆင်မှုကို ၂၀၁၉ ခုလောက် စနိုင်မှာလား။ လောလောဆယ်ကတော့ ဒီရှိတဲ့ စပြီးတော့ လုပ်ငန်းစလုပ်ရင် ၂၀၁၉ ခုပတ်ဝန်းကျင် စတင်ဆောင်ရွက် နိုင်ပါမယ်။ အမြန်ဆုံးလည်း ဆောင်ရွက်မှာပါ။ တင်ဒါကို ရောင်းမယ်၊ ဖွင့်မယ်၊ ဒီဇင်ဘာလကုန်၊ လဆန်း၊ တကယ်လို့ စနိုင်မယ်ဆိုရင် မေ ၃၁ ရက်လောက် အပြီးဆောင်ရွက်ဖို့ ရည်မှန်းထားပါတယ်။ မိုးမစခင် Soil Nailing၊ Ground Anchor အပိုင်း အပြီးရည်မှန်းထားပါတယ်” ဟု ဦးမြင့်သန်းဝင်းက ပြောကြားသည်။
“ဒီဇိုင်းတွေက ကျွမ်းကျင်ပညာရှင်အဖွဲ့ ဖွဲ့ထားတယ်။ ကျိုက်သလ္လံဘုရားမှာလည်း ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးစီးပြီးတော့ အစည်းအဝေး အမြဲတမ်းလုပ်ပါတယ်။ အဲဒီကျွမ်းကျင် ပညာရှင်အဖွဲ့ ဒီဇိုင်းရေးဆွဲပြီး ထုတ်ထားတယ်။ ဘုရားနဲ့ ပတ်သက်တယ်။ အလွဲအချော်တိမ်းပါးလို့ မရပါဘူး။ ဘယ်နေ့ပြီးရမယ်လို့ အတိအကျ ပြောလို့မကောင်းပါဘူး။ အတတ်နိုင်ဆုံး မှန်းထားတယ်။ မေ ၃၁ လောက်ကို မြေကြီးပိုင်း ပြုပြင်တာကို ပြီးရမယ်လို့ မှန်းထားပါတယ်” ဟု ဦးမြင့်သန်းဝင်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
