တရားစွဲဆိုခံခဲ့ရသည့် Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် အပါအဝင် သုံးဦးကိစ္စ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စားလှယ်တို့ နိုဝင်ဘာ ၁၅ ရက်တွင် ဗိုလ်တထောင် မြို့နယ်ရှိ ကောင်စီရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် အပါအဝင်သုံးဦးကို သတင်းမီဒီယာဥပဒေပုဒ်မ - ၉၊ ပုဒ်မခွဲ (က)၊ (င)၊ (ဆ)၊ (စျ) တို့ဖြင့် ညှိနှိုင်းဖြေရှင်းပြီး အရေးယူပေးပါရန် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ တိုင်ကြားထားမှုအရ ယင်းကဲ့သို့ တွေ့ဆုံခြင်းဖြစ်သည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က “ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ကိုယ်စားလှယ် အမှုကို စွပ်စွဲတယ်။ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် လာပါတယ်။ သူလာလို့ အဘတို့က တစ်ဖက်က တင်ပြထားတဲ့ အခြေအနေ သူ့ကိုရှင်းပြတယ်။ ၂၇ ရက်နောက်ပိုင်းမှ နှစ်ဖက်တင်တာတွေကို ဖြေရှင်းဆောင်ရွက်ဖို့ သဘောတူကြတယ်။ အဘနဲ့ ကောင်စီဝင် အားလုံးရဲ့ သဘောထားက ရှင်းပြတာက မြန်မာပြည်မှာ တို့သမိုင်းမှာ ပထမဆုံးတွေ့တဲ့ အတွေ့အကြုံပဲ။ ကောင်စီကလည်း အသစ်ဖွဲ့စည်းတာဟာ ပထမဆုံးပဲ တွေ့တယ်။ ဆိုလိုတဲ့ သဘောက စစ်အစိုးရလက်ထက် ကတည်းက စပြီးတော့ အဘတို့ သတင်းမီဒီယာတွေကို အရေးယူပြီဆိုရင် ဘာမှမတတ်နိုင်ဘူး။ ရုံးတန်းရောက်တာပဲ အဖမ်းခံရတာပဲ။ ဒီမကောင်းတဲ့ အစဉ်အလာကြီးကို အဘတို့ ပြုပြင်ချင်တဲ့အတွက် ဒီတစ်ခါ ရန်ကုန်တိုင်းအစိုးရက Eleven Media ကို တိုက်ရိုက် ဦးတိုက်လျှောက်ပြီး ဖမ်းတဲ့ကိစ္စမှာ ဒါတော့မှားတယ်။ ပြန်ရုပ်သိမ်းပေးပါ။ ကျုပ်တို့ဆီမှာ အဆုံးအဖြတ်ခံပါ။ မီဒီယာကောင်စီ ဥပဒေအရ ဖြစ်ပါတယ်လို့ တင်ပြတယ်။ တင်ပြတဲ့ဟာကို နိုင်ငံတော်သမ္မတ ကြားဝင်ပြီး ညွှန်ကြားတဲ့အတွက် သူတို့လည်း ပြန်အမှုရုပ်သိမ်းပြီးတော့ အဘတို့ဆီမှာ လာပြီးဆွေးနွေးတယ်။ ဒီဆွေးနွေးချက်က အင်မတန်ကောင်းတယ်။ ဟိုတစ်နေ့က ဆွေးနွေးသွားတဲ့ Eleven Media ရဲ့ သဘောထားဟာ အားလုံးကို ပြေလည်အောင် ဆောင်ရွက်ပါမယ်။ ပြေလည်ပါ့စေမယ် အကြိမ်ကြိမ် ပြောကြားသွားသလို ဒီနေ့ရန်ကုန်တိုင်းကလည်း ဒီသဘောထားပဲ ရပ်ပါတယ်။ ဘာလို့လဲဆို နှစ်ဖက်ညှိရင် ငြိမ်းငြိမ်းချမ်းချမ်း ပြီးသွားမယ်လို့ အဘထင်တယ်” ဟု မီဒီယာများအား ပြောကြားသည်။
လာရောက်တွေ့ဆုံသော ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် အနေဖြင့် အဖြေပေးနိုင်ခြင်း မရှိဘဲ ပြန်လည် တင်ပြရမည် ဖြစ်သည့်အတွက် စာရွက်စာတမ်းများ ပေးလိုက်ကြောင်း၊ တိုးတက်မှု တစ်စုံတစ်ရာ ရှိသည်ဟု ပြောနိုင်ကြောင်း ကောင်စီဥက္ကဋ္ဌက ပြောကြားသည်။
“တိုးတက်မှု တစ်စုံတစ်ရာ ရှိတယ်လို့ ပြောလို့ရတယ်။ ဒီလောက်တင်းမာမှု ထောင်ထဲတောင်ရောက်ပြီး ဖမ်းချုပ်နေတဲ့ဟာ ဒီအခြေအနေ ရောက်လာပြီး နှစ်ဖက်စကား ပြောလို့ရပြီဆိုရင် ဒါအများကြီး တိုးတက်သွားတာပဲ” ဟု ကောင်စီဥက္ကဋ္ဌက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က “ဆွေးနွေးတာကတော့ ဆွေးနွေးဆဲပဲ။ ဒီမှာသတင်းမီဒီယာ ကောင်စီကလည်း ရှင်းပြတယ်။ ညှိနှိုင်းပြီးတော့ ဖြေရှင်းပေးမယ်ဆိုတဲ့ဟာ သတင်းမီဒီယာ ကောင်စီက ဆွေးနွေးရှင်းပြတယ်” ဟု မီဒီယာများအား ပြောကြားသည်။
တိုင်းအစိုးရ၏ သဘောထားမှတ်ချက်နှင့် ပတ်သက်ပြီး ဦးအောင်ကျော်ခိုင်အား မေးမြန်းခဲ့ရာတွင် ဆုံးဖြတ်ပြောကြားပိုင်ခွင့် မရှိကြောင်းနှင့် အစိုးရအဖွဲ့ကို တင်ပြကာ ရက်ပိုင်းအတွင်း အကြောင်းပြန်ပေးမည်ဟု ပြောကြားခဲ့ကြောင်း သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး (၂) ကိုသာလွန်ဇောင်းထက်က ပြောကြားသည်။
ကောင်စီတွဲဖက် အတွင်းရေးမှူး (၂) ကိုသာလွန်ဇောင်းထက်က “ကျွန်တော်တို့ နှစ်ဖက်ကို ညှိပေးဖို့က ဟိုဘက်က ၂၇ ရက် နောက်ပိုင်းကျမှ ကိုကျော်ဇောလင်းတို့ ကိုဖြိုးဝေတို့က ပြန်ရောက်မယ်။ အဲဒါကြောင့်မို့ အဲဒီအချိန်ကျမှ နှစ်ဖက်သဘောထားကို သိမှာပေါ့နော်။ ဘယ်လိုသဘောထားရှိလဲမေးတော့ သူ (ဦးအောင်ကျော်ခိုင်) က ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူးတဲ့။ ဒီဘက်က ၂၇ ရက်နောက်ပိုင်း ရှင်းလင်းမယ်ဆိုတဲ့ကိစ္စ အစိုးရအဖွဲ့ကို ပြန်တင်ပြပေးပါမယ်တဲ့။ သူတို့ဒီမှာ အစိုးရအဖွဲ့က ပေးလိုက်တဲ့ စာရွက်စာတမ်း မူရင်းတွေ ယူလာတယ်။ ကုမ္ပဏီနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒါကို ယူမကြည့်ဘူး” ဟု ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
