Top News

သရုပ်ဆောင် သီဟတင်စိုးအား မုဒိမ်းမှုဖြင့် လိမ်လည်တိုင်တန်းသည့်အမှုတွင် တရားလို ဒေါ်ဇင်မာဦးအား စစ်ဆေးခဲ့ပြီး အခင်းဖြစ်ပွားသည့်နေ့မှ အကြောင်းအရာများ ထွက်ဆို
24htopnews | December 7, 2024 12:12 PM CST

သရုပ်ဆောင် သီဟတင်စိုးအား မုဒိမ်းမှုဖြင့် လိမ်လည်တိုင်တန်းခဲ့သည့် အမှုတွင် တရားလို ဒေါ်ဇင်မာဦးအား စစ်ဆေးခဲ့ပြီး အခင်းဖြစ်ပွားသည့်နေ့မှ အကြောင်းအရာများအား ထွက်ဆိုခဲ့သည်။

နိုဝင်ဘာ ၁၅ ရက်ရုံးချိန်းတွင် အိမ်အကူ ဒေါ်ခင်မာမြင့်နှင့် ပွဲစားဒေါ်ညိုတို့အား ရာဇသတ်ကြီးပုဒ်မ-၃၈၉ ဖြင့် သရုပ်ဆောင် သီဟတင်စိုး၏ ဇနီးက တရားလိုပြုလုပ်ကာ တိုင်တန်းထားသည့်အမှုတွင် တရားလိုအား စတင်စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

သရုပ်ဆောင် သီဟတင်စိုး၏ဇနီး ဒေါ်ဇင်မာဦးက အိမ်အကူခင်မာမြင့်မှာ သုဝဏ္ဏနယ်မြေရဲစခန်းသို့ သွားရောက် တိုင်တန်းချက်တွင် ဇူလိုင် ၅ ရက်က သင်္ဃန်းကျွန်းမြို့ နယ်၊ သုဝဏ္ဏ၊ ကြီးပွားရေးရပ်ကွက် ပြည် ထောင်စုရိပ်မွန်အိမ်ရာရှိ သရုပ်ဆောင်သီဟ တင်စိုး၏နေအိမ်၌ တစ်လလျှင် ၁၅၀၀၀၀  ကျပ်ဖြင့် အိမ်အကူ ဝင်ရောက်လုပ်ကိုင်ခဲ့ ကြောင်း၊ ထိုသို့ လုပ်ကိုင်ရာတွင် ဦးသီဟ တင်စိုး၏ယောက္ခမအား ပြုစုရသည့်အလုပ် ကိုအဓိကထားပြီး လုပ်ဆောင်ရကြောင်း၊ ယင်းသို့လုပ်ကိုင်နေစဉ် ဇူလိုင် ၁၃ ရက် နံနက် ၈ နာရီခန့်၌ ဦးသီဟတင်စိုးမှာ အပြင်သို့ ထွက်သွားခဲ့ကြောင်း၊ ထို့နောက် ဦးသီဟတင်စိုး၏ ဇနီးနှင့်သားတို့မှာလည်း မွန်းလွဲတွင် နေအိမ်မှထွက်သွားခဲ့သဖြင့် အိမ်ထဲတွင် ဒေါ်ခင်မာမြင့်နှင့် ၎င်းင်းပြုစုရသည့်အဘွားတို့ နှစ်ဦးတည်းသာ ကျန်ရှိခဲ့သည်ဟု တိုင်တန်းချက်တွင် ပါရှိကြောင်း သိရသည်။

ယင်းသို့ ထွက်သွားခဲ့ပြီးနောက် ည ၇ နာရီခန့်တွင် ဦးသီဟတင်စိုးမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိ လာခဲ့ကြောင်း၊ ထို့နောက် ဒေါ်ခင်မာမြင့်မှာ ၎င်းပြုစုရသည့် အဘွားကို လိုအပ်သည်များ ပြုလုပ်ပေးပြီး အခန်းအတွင်းရှိ ခုတင်ပေါ်တွင်ထိုင်နေစဉ် ဦးသီဟတင်စိုးမှာ ပုဆိုးဝတ်ဆင်လျက် အကျႌမပါရှိဘဲ အခန်း အတွင်းသို့ ရောက်ရှိလာကာ ဒေါ်ခင်မာမြင့် ကိုတွန်းလှဲပြီး သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟုဆိုကာ တိုင်တန်းချက်များမှာ မှားယွင်းကြောင်း၊ ဇူလိုင် ၁၃ ရက်တွင် ဦးသီဟ တင်စိုးမှာ နေအိမ်သို့ ည ၁၀ နာရီခန့်မှာသာ ပြန်လာကြောင်း၊ ထို့နောက် ယင်းနေ့ညပိုင်း တွင်နေအိမ်၌ ၎င်းနှင့်သားဖြစ်သူတို့မှာ ရှိနေခဲ့သည်ဟု ဒေါ်ဇင်မာဦးက တရားခွင်တွင် ထွက်ဆိုခဲ့သည်။

“အခင်းဖြစ်တဲ့ညက ကျွန်မတို့အိမ်မှာရှိတယ်။ ကိုသီဟက ၁၀ နာရီလောက်မှ အိမ် ပြန်ရောက်တာ။ ကိုသီဟ ပြန်ရောက်တည်းက ကျွန်မက တစ်ခါတည်းအပေါ်ကို တက်အိပ်ခိုင်းတာ။ သူလုပ်တဲ့ပုံက အဲဒီလိုမျိုးတွေ ပြောလိုက်ရင် ကျွန်မတို့က ရှက်ပြီးသိက္ခာကျမှာစိုးလို့ ပိုက်ဆံပေးလိုက်မယ်လို့ သူတို့က တစ်ထစ်ချယုံထားတာ။ ကျွန်မကလည်း အဲဒီလို မိန်းမမျိုး မဟုတ်ဘူး။ တကယ်ဟုတ်နေရင် သွားအဖမ်းခံခိုင်းမှာ။ မဟုတ်ဘဲနဲ့တော့ လာမစွပ်စွဲပါနဲ့။ ကျွန်မအိမ်မှာ ရှိနေရဲ့သားနဲ့ ကိုသီဟက သူ့ကို ဘယ်လိုလုပ်မှာလဲ။ အိမ်အောက်ထပ်ဆိုတာ ကျွန်မတို့ အပေါ်ထပ်နေ လှမ်းကြည့်ရင် မြင်နေရတယ်။ ရုံးချိန်းကို ၂၉ ရက်နေ့ ပြန်ချိန်းထားတယ်” ဟု အမှုဖွင့်ထားသည့် သရုပ်ဆောင် သီဟတင်စိုး၏ဇနီး ဒေါ်ဇင်မာဦးက ရုံးချိန်းအပြီးတွင် ပြောကြားသည်။

အဆိုပါအမှုတွင် ပွဲစား ဒေါ်ညိုမှာ ကျပ်သိန်း ၄၀၀ ဖြင့် အာမခံရထားပြီး ရုံးချိန်းအား လာမည့် နိုဝင်ဘာ ၂၉ ရက်သို့ ချိန်းဆိုထားပြီး ယင်းနေ့တွင် တရားလိုနှင့် လိုပြသက်သေများအား ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယနေ့ရုံးချိန်းတွင် သုဝဏ္ဏနယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူမှ အိမ်အကူ ဒေါ်ခင်မာမြင့်ကို ရာဇသတ်ကြီး ပုဒ်မ-၂၁၁ ( နစ်နာစေရန်အကြံနှင့် ပြစ်မှုကျူးလွန်သည်ဟု မမှန်စွပ်စွဲခြင်း) ဖြင့် တရားလိုပြုလုပ် တိုင်ကြားထားသည့် အမှုမှာလည်း မစစ်ဆေးဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သရုပ်ဆောင် သီဟတင်စိုးက သားမယားပြုကျင့်သည် ဟုဆိုကာ အိမ်အကူ အမျိုးသမီးဖြစ်သည့် မကွေးတိုင်းဒေသကြီး နေ ဒေါ်ခင်မာမြင့် (၄၀ နှစ်) က ဇူလိုင် ၁၄ ရက်တွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ သွား ရောက်တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ရဲစခန်းက (ပ) ၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်ရာ ဒေါ်ခင်မာမြင့်မှာ အခြားနာမည်များရှိကြောင်း၊ ပြီးခဲ့ သည့်လေးနှစ်ခန့်က ခင်ပွန်းသည် လေဖြတ်ပြီးနောက် စားဝတ်နေရေး အဆင်မပြေသဖြင့် အိမ်အကူ လုပ်ကိုင်ရန် ပွဲစားဒေါ်ညိုနှင့် ဆက်သွယ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေါ်ညိုက သရုပ်ဆောင် သီဟတင်စိုး၏ နေအိမ်တွင် အလုပ်လုပ်ကိုင်ရန် ဆက်သွယ်ပေးခဲ့ပြီး ဇူလိုင် ၅ ရက်တွင် အဆိုပါနေအိမ်၌ အလုပ်ဝင်ခဲ့ကာ  ဒေါ်ဇင်မာဦး၏ မိခင်ဖြစ်သူကို ပြုစုရသည့်အလုပ်ကို လုပ်ကိုင်ခဲ့ရကြောင်း၊ ယင်းသို့လုပ်ကိုင်နေစဉ် ဒေါ်ဇင်မာဦးမရှိခိုက် သီဟတင်စိုးက ၎င်းအား သားမယား ပြုကျင့်သည်ဟု လိမ်ညာပြောဆိုပြီး အမှုဖွင့်ရန် ဒေါ်ညိုက သင်ကြားပေးခဲ့သဖြင့် ထိုသို့အမှုဖွင့်ရခြင် းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အိမ်အကူလုပ်ရန် ဆက်သွယ်ပေးသူ ဒေါ်ညို (၆၅ နှစ်) ကို စစ်ဆေးရာ ၎င်းကခင်မာမြင့်(ခ) ညိုညို (ခ) ဇင်မာမြင့်အား သီဟတင်စိုးက သားမယားပြုကျင့်ခဲ့သည် ဟုဆိုကာ ရဲစခန်းတွင် သွားရောက်အမှုဖွင့်ရန်နှင့် ငွေကြေးညှိနှိုင်းပါက ၎င်းကစျေးစကား ပြောပေးမည်ဟု ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် သီဟတင်စိုးက သားမယား ပြုကျင့်ခဲ့သည်ဟုဆိုပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဇင်မာဦးထံသို့ သွားရောက်ကာ နစ်နာမှုအတွက် ကျပ်သိန်း ၁၀၀ ပေးပါက ကျေနပ်မည်ဖြစ်ကြောင်း သွားရောက်ညှိနှိုင်းခဲ့ရာ အဆင်မပြေသဖြင့် ရဲစခန်းသို့ သွားရောက် အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK