သုတေသန ပြုလုပ်ထားသည့် မျိုးသုဉ်းလုနီး ရေညှောင့်နှုတ်ဝိုင်းငှက်အား ကလေးငယ်များက ဖမ်းဆီးရမိပြီး ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ် တော်ပကောက်ကျေးရွာရှိ ပုဇွန်ကန်အနီးတွင် နိုဝင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကလေးငယ်သုံးဦးက ရေညှောင့်နှုတ်ဝိုင်း ငှက်တစ်ကောင်ကို ဖမ်းဆီးမိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးထံ အပ်နှံခဲ့ကာ ကျေးရွာအုပ်ချုပ်ရေးမှူးက BANCA အသင်းသို့ ဆက်သွယ်ပြီး အလှပ်ကမ်းခြေတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း Biodiversity And Nature Conservation Association (BANCA) အသင်းမှ Program Officer ဦးသော်ဖြိုးရွှေ၏ ပြောကြားချက်အရ သိရသည်။
“အဲဒီငှက်က သုတေသနလုပ်ထားတဲ့ငှက်။ ခြေထောက်မှာ Flat နဲ့ သတ္တုကွင်းပါတယ်။ သူ့မူရင်းဒေသက ရုရှားဆိုတော့ ရုရှားက ထည့်ပေးလိုက်တာ ဖြစ်ဖို့များတယ်။ သူ့ကို မိတာ ၁၂ ရက်နေ့ မနက်ဆိုတော့ ၁၁ ရက် နေ့ညက အဲ့ဒီဘက်မှာ လေတွေ မိုးတွေကျတယ်။ အဲဒီမှာ လေပြင်းနည်းနည်း ထိသွားတာ ဖြစ်မယ်။ ပြုတ်ကျလာပြီး ချုံထဲမှာဝင်တဲ့ အချိန်ကလေးတွေက မနက်ပိုင်း ကျောင်းမသွားခင် နွားကျောင်းထွက်တော့ ချုံထဲမှာတွေ့လို့ သူတို့ သုံးယောက် ၀ိုင်းဖမ်းလိုက်ကြတာ။ ဖမ်းပြီးတာနဲ့ ရွာလူကြီးကို သွားအပ်တာ။ အစ်ကိုတို့က အဲဒီရွာကို ဟောပြောပွဲဝင်ထားတာ ဒီနှစ်နဲ့ဆို သုံးနှစ်ရှိပြီ။ ပန်းဖလက်တွေလည်း ဝေထားတယ်။ နှုတ်သီးကလည်း ထူး ခြားနေတော့ ဒီငှက်ဆိုတာသူတို့က သိနေတာ ပေါ့။ နောက်ပြီးခြေထောက်မှာလည်း Flat တွေ၊ ကွင်းတွေ ပါနေတော့ ဒါက ရှားပါးငှက်ပဲဆိုတာ သူတို့က သိနေတော့ ဖမ်းပြီး ရွာလူကြီးကို ပေးတာပေါ့။ ရွာလူကြီးကလည်း ဟောပြောပွဲတွေ အမြဲတမ်း သွားလာသိနေတော့ အစ်ကိုတို့ကို ဖုန်းဆက်တယ်။ အဲဒါနဲ့သွားယူပြီး အလှပ်ကမ်းခြေမှာ ပြန်လွှတ်ပေးလိုက်တာပေါ့။ အလှပ်မှာက သောင်ပြင်လည်းရှိတယ်။ သူတို့ကျက်စားတ ဲ့နေရာလည်း ကောင်းကောင်းရှိတယ် ဆိုတော့လေ” ဟု ဦးသော်ဖြိုးရွှေက ပြောကြားသည်။
ဖမ်းဆီးမိသော ရေညှောင့်နှုတ်ဝိုင်းငှက်သည် ဒဏ်ရာမရရှိထားကြောင်းနှင့် ကလေးငယ်များအား စာအုပ်နှင့် စာရေးကိရိယာများ ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။
“ဒဏ်ရာမရထားဘူး။ ကလေးတွေ ဖမ်းထားတဲ့အရှိန်နဲ့ နည်းနည်းနုန်းနေပေမယ့် ကမ်းခြေမှာ ပြန်ချပေးလိုက်တော့ ကောင်းကောင်းပြေးတယ်။ ပြေးပြီး တစ်နာရီလောက်နေတော့ သူ့အဖော်တွေ ရောက်လာပြီး အုပ်စုလိုက် ပျံသွားတယ်။ နောက်နေ့ကျမှ အဲဒီကျောင်းသားလေးတွေကို စာအုပ်နဲ့ စာရေးကိရိယာတွေပေးပြီး ဂုဏ်ပြုတာပေါ့” ဟု ဦးသော်ဖြိုးရွှေက ပြောကြားသည်။
Spponbilled sandpiper (ခေါ်) ရေညှောင့်နှုတ်ဝိုင်းငှက်အား ကမ္ဘာပေါ်တွင် အကောင်ရေ ၅၀၀ အောက်သာ ကျန်ရှိတော့သည့် Cirtically Endangered (CR) မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် သတ်မှတ်ထားသည်။ ရေညှောင့်နှုတ်ဝိုင်းငှက်၏ မူရင်းဒေသသည် ရုရှားနိုင်ငံ ချူကိုတာဒေသရှိ ဆိုက်ဘေးရီးယား လွင်ပြင်ဒေသတွင် သားပေါက်ပွားကာ ဆောင်းရာသီတွင် မြန်မာနိုင်ငံ မုတ္တမကွေ့သို့ လာရောက် ကျက်စားလေ့ရှိသည်။
၎င်းငှက်များသည် မြန်မာနိုင်ငံတွင် အောက်တိုဘာလမှ ဧပြီလကုန်အထိ အကြာဆုံး ဆောင်းခိုနေထိုင်သည့် ကမ်းခြေရေပျော်ငှက် အမျိုးအစားဖြစ်သည်။
ရေညှောင့်နှုတ်ဝိုင်း အကောင်ရေ ၅၀၀ အောက်၏ ထက်ဝက်ခန့်သည် မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့အတွင်း နှစ်စဉ်လာရောက် ဆောင်းခိုလျက်ရှိပြီး ယခုအခါ ရေညှောင့်နှုတ်ဝိုင်းငှက်များ မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက် ဆောင်းခိုနေပြီဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
