Top News

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာ ဖူလုံမှုတို့အပေါ် ထိခိုက်နိုင်ခြေများအား စီမံဖြေရှင်းရေး စီမံကိန်း ဆောင်ရွက်
24htopnews | December 7, 2024 12:12 PM CST

မြန်မာနိုင်ငံ အပူပိုင်းဒေသဖြစ်သော တိုင်းဒေသကြီး သုံးခုတွင် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ရေအရင်းအမြစ်နှင့် စားနပ် ရိက္ခာ ဖူလုံမှုတို့အပေါ် ထိခိုက်နိုင်ခြေများအား စီမံဖြေရှင်းရေးစီမံကိန်းကို မိုးလေဝသနှင့် ဇလဗေဒဌာနနှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းစီမံကိန်းမှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အတွင်းမှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီး သုံးခုရှိ ညောင်ဦး၊ မြင်းခြံ၊ မုံရွာ၊ ရွှေဘိုနှင့် ချောက်ဒေသ ငါးခုအတွင်းရှိ ကျေးရွာ ၃၀၀ ခန့်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ စီမံကိန်းမှာ အဓိကလုပ်ငန်းစဉ်ကြီးသုံးခုကို ဆောင်ရွက် တာဖြစ်တယ်။ ရာသီဥတုကြောင့် ရေချိုထောက်ပံ့နိုင်မှု လျော့နည်းခြင်းကို တုံ့ပြန် တာတွေ၊ ရာသီဥတုဒဏ်ခံနိုင်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအတွက် ပံ့ပိုးတာ နဲ့ ရာသီဥတုဆိုင်ရာ သတင်းဖြန့်ဝေမှု ပိုမို ကောင်းမွန်အောင် လိုအပ်တဲ့လုပ်ငန်းစဉ် တွေကိုဆောင်ရွက်တာဖြစ်တယ်။ လက်ရှိမှာ စီမံကိန်းက လေးနှစ်ထဲကို ရောက်နေပြီဖြစ် တဲ့အတွက် လုပ်ငန်းအတော်များများကတော့ အကောင်အထည်ဖော်အသုံးချပြီးနေပြီဖြစ်တယ်။ သင်တန်းပေးတာလိုမျိုးနဲ့ အချို့အနည်းငယ်ပဲ ကျန်ရှိပါတော့တယ်။ လုပ်ငန်းစဉ်တွေမှာ ဒေသခံကျေးရွာပြည်သူတွေအတွက် သောက်သုံးရေရှိဖို့ လုပ်ငန်းတွေ၊ စိုက်ပျိုးရေးအတွက် မြေဆီလွှာ ထိန်းသိမ်းနည်းစနစ်တွေနဲ့ ဒေသအတွက်သင့်လျော်တဲ့ မျိုးဖြန့်ဝေထောက်ပံ့တာတွေ စတာတွေအပြင် ရာသီဥတုအတွက် အထောက်အကူဖြစ်မယ့် တောထိန်းသိမ်းတာတွေ သစ်ပင်စိုက်ပျိုးတာတွေလည်း ဆောင်ရွက်နေပါတယ်” ဟု UNDP မှ စီမံကိန်းမန်နေဂျာ ဦးမြင့်ဝေက ပြောကြားသည်။

စီမံကိန်းမှာ ကျေးရွာ ၂၈၀ တွင်ဆောင် ရွက်နေခြင်းဖြစ်ကာ စီမံကိန်း အဓိကလုပ်ငန်း သုံးခုအတွက် လုပ်ငန်းစဉ် ၁၄ ခုရှိပြီး ရေတွင်းရေကန် တူးဖော်ခြင်း၊ သစ်တောဖန်တီး ခြင်း၊ မြေဆီထိန်းသိမ်းခြင်း၊ မျိုးထောက်ပ့ံခြင်း၊ ရိတ်သိမ်းချိန်လွန် သိုလှောင်နည်းပညာများ ဖြန့်ဝေခြင်းနှင့် စီမံကိန်းဒေသများအတွက် မိုးလေဝသ အခြေအနေများကို ပြုစုကာ သဘာဝဘေးအန္တရာယ်ပြ မြေပုံများ ပြုစုထုတ်ပြန်ခြင်းများ ဆောင်ရွက်ကာ လိုအပ်သည့်ဌာနများသို့ ထောက်ပံ့ခြင်းများဆောင် ရွက်မည်ဖြစ်ကာ လုပ်ငန်းစဉ်များအတွက် အသုံးပြုငွေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၄ သန်းကျော် သုံးစွဲသွားမည်ဖြစ်ကာလက်ရှိ တွင် လုပ်ငန်း ၁၄ ခုတွင် လုပ်ငန်း ၁၀ ခုခန့်မှာ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ စီမံကိန်း မှာ ၂၀၁၉ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK